တစ်ကိုက် နှစ်ကိုက်လောက်
လွမ်းလို့ ပြီးရင် ခရီးဆက်ရဦးမယ်
အော်တိုမစ်တစ် စနစ်နဲ့
တိုက်နေရတဲ့ ဘ၀ထဲ
အလွမ်းတွေ ကျွံကျွံကျတယ်
တိုက်ရတာတော့ ပျော်စရာကောင်းအောင်
ပျင်း(ပြင်း)လိုက်တာ
အိပ်မက်တွေ ချုံ့လိုက်လည်း
တမ်းတခြင်းက ကျုံ့မသွားတော့
ခက်သားကွယ်
ရင်အေးဖို့ဆိုလည်း
မိုးတစ်ဝက် နှင်းတစ်ဝက်နဲ့
အိပ်မက်တွေ စိုစိုရွဲရတယ်
အလွမ်းတွေပေးလည်း အနမ်းတွေက ရောက်မလာတော့
အိပ်ပျက်ညပဲ အဖက်တင်တယ်
အချစ်တွေဝေ့သီနေဆဲ
မင်းရင်ထဲ သေးနုပ် ကျူးခွင့်
မကြွေပြန်တော့ ခက်သားဘဲ။
အလွမ်းနှစ်တွေ ရာထောင်ချီ
မဆုံနိုင်လို့ ရင်မှာဆွေးပြန်တယ်။
မမုန်လည်း ရှောင်ခွာပြေသူ
နုံဆွေးငေးရ ကိုယ်သံဇဉ်
နွေထဲကျွံကျနေတဲ့ အသည်းကျွမ်းစကား
အတွေးဆုံမှတ်တွေ နီးခွင့်မရှိဘူးလား
ကာရံတွေခြောက်သွေ့အောင်
နှင်းတွေပျောက်ခဲ့တယ်
အလင်းနှစ်ထဲ ကျွံဝင်သွားတဲ့ ကိုယ့်ကမ္ဘာငယ်လေးရေ
....
...
...
...
ခြေပစ်လက်ပစ်နံရိုးလေး
ငါအသက်ထက်ဈေးကြီးနေပုံ
ငါနဲ့ ငါ လမ်းခွဲခဲ့ရတယ်။
ခရက်ဒစ်>>>Aurora
၁၁.၁.၂၀၁၅
Posted via Blogaway
Comments
Post a Comment