ဘာခလုတ်မှ မနိပ်ခဲ့သော ရွေ့လျားမှု့များ
လင်းဆက်ပိုင်
ဖန်တီးတည်ဆောင်ခွင်မှမရှိပါပဲ
အားမနာပါနဲ့လေ မေ
ဒိုင်ယာရီထဲမှာလည်း ဘ၀င်ညိုး
အကြေစတွေ မရေးချင်တော့ပြီလေ မေ
လေအရိပ်တွေ လွင့်လွင့်ဝေပါစေ မေ ။
မေရေ
ဆိုက်ရောက်ချိန်မရှိတဲ့ ရထားကို
ငေးမျှော်နေရခြင်းလည်း
အပွင့်အခက်ဝေပါစေ မေ
လောရဲ့နစ်မွန်းမှု့လို့
ပျော်ရွှင်ခြင်းမှ ဒုက္ခအတိပြီးသည်အထိ
ကိုယ့်အညှာတွေ လွယ်ပါရစေတော့လေ မေ ။
စိတ်ခံစားမှု့ဆိုတာလည်း မေ ရေ ။
ဂဏာန်းသင်္ချာမှ မဟုတ်ပါပဲ
ခံစားမှု့တို့ အတိုး အလျော့ လုပ်လိုရစတမ်းလား
ပေါင်း နှုတ် မြောက် စား မရှိတော့ပဲ
အကြွင်းမဲ့ ချစ်ခြင်းတစ်စုံ ယူပါလေ မေ ။
ငါ အလေးအနက် တောင်းဆိုဘူးရဲ့
တေးအေးအေး သီချင်းတွေလဲ
အပူများတယ်ထင်ရင် မဆိုညည်းပါနဲ့တော့လေ
ခဏတာ ဧည့်သည်တွေပါပဲ
အကွေ့တစ်ခုမှာ
ရင်ဘတ်ခြင်းခလုတ်တိုက်ခဲ့ကြတာ မေ ရယ် ။
အမှတ်တရ တစ်ခုဟာ တခုတ်တရ ရှိစရာမလိုဘူးဆိုရင်လေ မေ ရေ
ပစ်စလက်ခတ် လှုပ်နှိုးစရာတွေ ထားခဲ့လေ
ရှည်လျားတယ် ထင်တဲ့ အချိန်တပွတ်စာလေးတွေပါ မေ
ကိုယ့်အသံမှာ ခြံစည်းရိုးမရှိ အကာရံမဲ့
ရိုးစင်လွန်းတဲ့ စိတ်အတွင်းက အသံပါပဲလေ။
၃၁၁၂၂၀၁၄
Posted via Blogaway
Comments
Post a Comment