အနစ် အတိမ်
......လင်းဆက်ပိုင်
အရမ်းအေးစက်နေပုံများ
စိတ်ရဲ့ နက်ရှိုင်းတဲ့ အတွင်းထိ
တကယ်ချစ်ရင် အပြုံးတစ်ပွင့်ပေးပါ
ဆိတ်သုန်းသွားတော့မယ့် စကားလုံးတွေ....
ဒီရေကန်က ဘယ်အထိနက်သလဲ..။
အပြုံးတွေ ပျောက်ကွယ်အထိ
ဝေးနေရချိန်
အက္ခရာတွေ ခိုတွေလိုဝဲရ
ဆန္ဒမရှိတဲ့ အရပ်ကို
ပြေးထွက်ချင်တယ်
အက်ကြောင်းတွေ ထည်လဲဝတ်ရသူ
အခုလည်း အတွေး တံခါးပိတ်
ဝက်ဝက်ကွဲအောင် ကြေကွဲနေရသူပါ
မောဟတွေနဲ့ စိတ်အမျောကြီးကို
ဖတ်တွယ်မိနေသူ
စိတ်ကမလွတ်မြောက်တော့
ခက်သားဘဲ
နွံနစ်တဲ့သစ္စာတရား
မိုးမလင်းတဲ့ နံနက်ဆိုတာ
အိပ်မက်ဖို့ပဲကောင်းတယ်
အတိုဆုံး မက်ဆေ့တစ်ဆောင်ဖတ်ရ
ကိုယ်သေရမှာ အရသာမရှိလိုက်တာ။
Comments
Post a Comment