ငါ့စာအုပ်ထဲကို
.......လင်းဆက်ပိုင်
ထိတွေ့ဖူးတဲ့ အကြောင်းအရာ
ဒီတခါ အကြီးကြီး လွဲသွားပြီ
ဝိုးးး အရမ်းမိုက်တယ်
ရုပ်မှန်း နာမ်မှန်း မသိတော့အောင်ပေါ့
ငါနဲ့ငါလည်း အရင်လို အချင်းမများတော့ဘူး
ဗလာနယ်ထဲမှာ ဘာမှမရှိသလိုမျိုး
ဒီတစ်ခါ တောင်းဆိုခွင့်ရမယ်ဆို
ငါခေါင်းထဲ ကို ပုံပြင်တွေ ယုံတမ်းစကားတွေ ခံစားတက်တဲ့ အသိဥာဏ်တွေ
နောက်ပြောင်ပြီးတော့ပဲဖြစ်ဖြစ် လာမထည့်ပါနဲ့ ။
Posted via Blogaway
Comments
Post a Comment