အဲ့ဒီ့နေ့က စကားနဲ့
....................လင်းဆက်ပိုင်
အဲ့ဒီနေ့က စကားနဲ့ပေါ့
အလုံပိတ် အမှောင်ထွန်းလင်းမှု့တွေ
အစစ်အမှန် ကမ္ဘာဆိုတာ သက်သေပြဖို့။
ရင်ဘတ်ကိုမတီးခတ်ပဲကွယ်
ကြည်နူးဖွယ်ဖျားသွေးတက်တုန်း
ငါလူလုံးလှကြောင်း ဘယ်လို ဖွဲ့ရပါ့။
အထီးတည်း တကယ့် အထီးတည်းပဲ
လောကရဲ့ အနားမညီးမှု့တွေ
ဘယ်မှာထောင့်မှန်တွေ ကြွင်းကျန်သလဲ ။
အမှောင်ထဲမှာ ငါ့စိတ်နဲ့ ငါနဲ့
လက်ဆွဲနှုတ်ဆက် ....ပြီးတော့
စိတ်နဲ့ ငါနဲ့
တစ်နေရာစီ ထွက်သွားကြတယ်
ကမ္ဘာမြေပေါ်ကို
အမှားတွေကို ပြန်ဖျက်ပေးဖို့ပေါ့။
၅.၁.၂၀၁၅
Posted via Blogaway
Comments
Post a Comment