(စိတ်
မျက်နှာ
အသံ)ညီမျှခြင်းတွေ
လင်းဆက်ပိုင်
တွန့်ကြေနေတဲ့မျက်နှာကို
ဆွဲဆန့်
အပြုံးနဲ့ တူသော အပြုံးကို
တပ်ဆင်လိုက်တယ်။
လေ့ကျင့်ထားတဲ့
ခေါက်ရိုးကျိုးနေ့ရက်တွေ
ညာမြူး-မြူးကြွရ တာ
ကိုယ့် ဘာသာစကားတွေ
ဆွဲဆွဲငင်ငင် ။
နှိုးရခက်အောင် ဆွံ့အ
ငါ နားပင်းထားရင်း
သဘောထားတွေ
တကိုယ်ရေ တဘာသာပဲ တီးခတ်ရတာ
ခဏတဖြုတ်တောင် မရွှင်နိုင်ဘူး။
ဒုက္ခ ဆိုတာ
အရေပေါ် ခွဲစိတ်စရာမဟုတ်ပါဘူး
ကိုယ့်ရဲ့ အပြုအမူတွေ
သက်ဝင် မနေစေရဘူး
ကိုယ့်အသံ သံချပ်ပဲထိုးထိုး ဘင်ခရာပဲတီးတီး
ဆိတ်ညံအောင် ဖိဖုံးရင်း။
တွန့်ကြေနေတဲ့ မျက်နှာမှာ
အပြုံးနဲ့ တူသော အပြုံး တပ်ဆင်ထားလိုက်တယ်။
၇.၁.၂၀၁၅
Posted via Blogaway
Comments
Post a Comment