အမှောင်ဆုံးအလင်းတန်းတွေ့တဲ့ည
..............လင်းဆက်ပိုင်
တိုးဖွညှင်းသွဲ့သောအသံနဲ့ သူမစိတ်ကို အဖြာခတ်ယုံ ရေရွတ်မိသည်။
ချစ်သူ ကြားပါစ။
တကိုယ်ရည်ညည်းခြင်းဟု သတ်မှတ်ရမလား? လောကရဲ့အမှောင်မည်းဆုံးအရောင်ကို ငါတို့ ကိုယ်စားပြုရ။
မဝေးလွန်း မနီးလွန်းစွာ ပါတ်သတ်မှု့လေးရေ ။ ဘာအတွက်ကြောင့်များ အရောင်မလက်ရတာလဲ။ တနေ့တချိန်တွေ့ဆုံနိုင်မှာလား။ ငါမသိတဲ့ ငါ့ရဲ့ အသက်ဓာတ်လေးက
သူ့အပြုံးနဲ့ ဝေးရာမှာ သေဆုံးရပြီး။
မိုးမလင်းတဲ့ ညနဲ့ ဆုံနေရသလို ဘ၀ကမှောင်ခဲ့တယ်။ ကိုယ့်စမ်းချောင်းလေးက ကြေကွဲသီချင်းတွေ ဖွဲ့သီ တေးလှိုင်းတို့ တဖြည်းဖြည်း မြင့်တက်နေပါပြီ။ အခွင့်အရေးဟာ ကြုံကြိုက်ဖို့ မျက်နှာသာ မပေးသေချေ။ ကိုယ့်စကားလုံးတို့ ငြီးငြူအော်ဟစ် ပဋာမြေလူးနေသလို မြေရနံကို ရှူရှိုက် ရောင်နီကို `တ´ လင့် ။
နှလုံးအိမ်မီးတောက်တွေနဲ့ တကိုယ်စာလင်းရတာ ပိုမှောင်တယ်။
ရင်ငြိမ်တေးတွေ အမြန်လာကူပါ ချစ်သူ။ ငါ့တောင်ဆိုမှု့အတွက် နံရံတိုင်း နားမရှိတော့ဘူးလား။ ပဲ့တင်ပြန်မှု့တွေ မဲ့ နေတယ်။ ညငှက်တချို့ စူးစူးဝါးဝါး လှောင်ရယ်သွားပေါ့။ ခွာညိုပန်းတွေ ငိုနေတာ ငါကြားရ။
ပြာသိုဆောင်ညက ရင်အပူကို မငြိမ်းနိုင်ဘူး။ ဖိတ်စင်နေတဲ့ စိတ်အကြေတွေ ပြန်ကောက် မျက်စိမှိတ်လည်း
သိစိတ်က အိပ်ခွင့်မပြုဘူး။
အတွေးမုန်တိုင်းတွေက စိတ်တံခါးတွေဖွင့်လှစ် သူ့အပြုံးလေး လာမလားလို့ရယ်။ ရူးသွပ်နေတဲ့ ငါလား။ လေထုတစ်ခုလုံး ငါ့အတွေးနဲ့ အလုပ်ရှုပ်စေပြီ။ ငါက အချစ်ကိုသာ မျှော်ရည်တမ်းတရင်းလေ။
ဒါဟာ ကိုယ့်ယဉ်ကျေးမှု့တွေ အရိုင်ဆန်တဲ့ညက ရင်ဘတ်ကိုစိုက်ဝင်ခဲတဲ့ အမှောင်ဆုံးအလင်းတန်းပါပဲလေ။
Posted via Blogaway
Comments
Post a Comment