အသံမဲ့ အသဲ

#အသံမဲ အသဲ
ရင်ခွင်ခြင်း ချည်တွဲမိတဲ့ကြိုးမှာ
နှင်းမိုးတွေဆွေနေပြီ
မြောက်ပြန်လေနဲ့ခုတ်ပိုင်းခံရတဲ့
သတိရခြင်းတွေ   .
အေးအေး​ဆွေး  အေးခဲထားရင်း
နွေဦးပေါက်လေး မျှော်ငံရည်​လင့်​။

ဝေဒနာတွေ သူစေရာမှာ
ဖျပ်ဖျပ်လူးလွင့်ဝေး
လမ်းမများဟာ တနုံနုံ
ခွေယိုင်ထိုးးး
တယောသံတို့ မကြားရပြီ
မှုန်းမှိုင်းအီနေရတာ သက္ကရာဇ်တို့
စိတ်မပါပဲ ဆန်တက်နေရပြီ

ပန်းဖောင်းဖွဲ့ထံုံး
အိပ်မက်ဆုံးအောင်
လင်းရနံ့သင်း
ရင်ခွင်းခြင်း တွယ်သီတဲ့
ရင်​​နွေးစီးကြောင်း
ရွှန်းလှမွဲ​တေ ပြေပြစ်​မှု့ မဲ့တယ်
ငြိမ့်ငြောင်းသာယာမှု့က ၀ှက်​ဖဲ
သမုဒယတို့ဖွဲ့သီ ငြီးငြီးညူညူနဲ့ရယ်​။

လင်းဆက်​ပိုင်
၁.၁.၂၀၁၅









Posted via Blogaway

Comments