ယုန်​​ဖြူ​လေး​ရေ

#ယုန်​ဖြူ​လေး​ရေ

ဟေးးးးး အက္ခရာ၂​ရေ
နား​ထောင်​ကြည့်​ပါ
အ​သေင်္ချ​ဝေးလည်း ကြားရမှာ
မင်းစိတ်​ထဲမှာ ငါရှိ​နေတယ်​ဆိုရင်။

လုပ်​လက်​စ​တွေ ခဏရပ်​လိုက်​ပါ
ကောင်းကင်​မှာ တိမ်​စ​လေးပြုံးပြ​နေတာ
ငါပါ ငါပါပဲ​လေ
မင်းမြင်​နိုင်​မလား ။

အပြင်​ထွက်​ ​မော့ကြည့်​လိုက်​ပါ
ငါတို့မှာ ဆက်​သွယ်​စရာ
ဒီနည်းလမ်းပဲ ရှိတယ်​​လေ
မင်းသတိရတိုင်း ​မော့ကြည့်​လိုက်​ပါ
ငါပြုံး​နေတာ မင်း​တွေ့ရမှာပါ။

လေ​ပြေညှင်း​တွေနဲ့အတူ
မင်းရဲ့​ကောင်းကင်​ထက်​မှာ
အမြဲ ပြုံးပြ​နေမှာပါ
မင်း ငါ​ခေါ်သံကြာရရင်
မြန်​မြန်​ထွက်​ကြည့်​ပါ။

လင်းဆက်​ပိုင်
၁.၁.၂၀၁၅

Posted via Blogaway


Posted via Blogaway

Comments