လမ်းမရှိတဲ့ အိမ် သို့
.........လင်းဆက်ပိုင် .........
လောကဓံ ပင်လယ်လောက်သေးသွားရင်
ကျနော်ပြုံးမိမယ်ထင်တယ်
စိတ်ဆိုတာ သမုဒ္ဒရာထက်ပိုကျယ်တယ်
ကျနော်မျက်နှာမှာ လောကဓံ အပွင့်အခတ်တွေရှိတယ်
ဒါဟာ သဘာဝ ပန်းချီတစ်ချပ်ပါ
ခင်ဗျားခံစားမှု့နဲ့ တန်းဖိုးကို တိုင်းလို့မရဘူး
အခု
ကျွန်တ်ာလောကဓားချက်တွေကို
မျက်မှောင်ကြုတ် ကြည့်တက်ပြီ
ဘ၀ဆိုတာ အလှည့်အပြောင်းတွေ (မျက်လှည့်)....
ငါကတော့ မနက်ဖြန်လည်း အခုလိုပဲနေမှာပါ
မေတ္တာတရားကို ဆန့်ကျင်သူတွေ
ငါပြုံးပြမှာပါ
လျှို့ဝှက်ထားတဲ့စကားတစ်ခွန်း ငရဲမင်းက လက်မခံဘူး
မောဟ က ငရဲထက်ပူတယ်
မျက်ရည်ဆိုတာထွက်ခဲတယ်
ဒါ ထင်ပါတယ်
ငါ့အတွက်တော့ ခန္ဓာကိုယ်ရဲ့ သံယံဇတာပဲ
ငါ့ခြေလှမ်းတွေ သတ်ပုံတခြမ်းစာမှာနေပါရစေ
လိုက်လျောလို့မရတဲ့ စိန်ခေါ်မှု့တွေ
အရိပ်လေးပဲ အိပ်မက်ခွင့် တောင်းဆိုခွင့် ပျက်ရယ်ပြုခွင့် ......
ကျန်ခဲ့တဲ့ပြက္ခဒိန်တွေက ထ အော်တယ်
သမိုင်းတဲ့
ကိုယ့်မှာ ရှက်စရာတွေပဲ အဖတ်တင်ခဲ့
တဖြည်းဖြည်း ရင့်သန် ပွင့်အာနေတာ
ငါ မမြူစွယ်ပါပဲကွယ်
အိုးးး မိုက်မဲစွာ ပြေးထွက်သွားတဲ့ ရယ်သံတအုပ်
ဟာ
ရုတ်တရက် ဘ၀ထဲကပြုတ်ထွက်သွားတဲ့ ငါစိတ်လား။
Posted via Blogaway
Comments
Post a Comment