စိတ်ရဲ့အခြားတစ်ဖက်
..........လင်းဆက်ပိုင်
အလကား မတ်တင်းကောင်ပါတဲ့
ကြပ်မပြည့်ဘူးတဲ့လား...
ကိုယ်က တခြမ်းပိန် သုညလေးပါ
စိတ်ကူးနဲ့ တည်ဆောက်မိတဲ့အိမ်
ကောင်းကင်ပေါ် လမ်းလျှောက်ခြင်းအတွက်
အတောင် ပါစရာမလိုပါဘူး
ဘုရားသခင်နဲ့ တိုက်ရိုက်ဆွေးနွေးခဲ့ပါတယ်
ကိုယ့်ယဉ်ကျေးမှု့နဲ့ တဖက်သတ်
လွတ်လွတ်လပ်လပ် ဇိမ်ခံပြီး
ဖျားအောင် လွမ်းခဲ့ပါတယ်
ဘာမှပြန်မရမှာ သိသိနဲ့ လွမ်းရဲတာ
ကိုယ့်စိတ်တံခါးကို ဖွင့်ခြင်းပါပဲ
ကိုယ့်ကိုကိုယ်မညာခဲ့ဘူးလေ
ရူးသွမ်မှု့မှတ်တိုင်ဆီ ခပ်လှမ်းလှမ်း
ရောက်သည် အထိ ....
အသက်ကို ပူဇော်ပေးမှာပါ
ဘာမှပြန်ပေးစရာ မလိုပါဘူးကွယ်
နိုးစက်ပေးထားလည်း သူမနိုးဘူး
အိပ်ချင်ယောင်ဆောင်သူရေ
ချိန်သားကို အလွဲတွေ မင်းဖန်တီးပါ
မကြာခင်ဆိုရင်ပဲ အမှတ်တရနေ့လေး
ငိုရဦးမှာ
မျက်ရည်နဲ့ ကိုယ်လက် သန့်စင်ပါဦးမယ်
ငါနဲ့ငါ ဓာတ်ပြုလို့မရတော့ဘူး
ဝင်သက်ထွက်သက်မှာ.ရနံမချိုတော့ဘူး
လောကရဲ့အေးချမ်းတဲ့နေရာ
အဖြူရောင်မြို့ဆီထွက်သွားချင်ပြီ။
၁၅.၁.၂၀၁၅
Posted via Blogaway
Posted via Blogaway
Comments
Post a Comment