တံခွန်မရှိတဲ့ လူတစ်ယောက်
......လင်းဆက်ပိုင်
မလျော့မတင်းလေး ပွင့်ပါ့မယ်
နှစ်လုံးထဲ ကြပ်သပ်နေတဲ့
ဘ-ဘိန်းစွဲသလို ဒုက္ခတွေနဲ့
ဝ-၀င်းမှည့်ချိန်မရောက်ခင် ကြွေရ ။
နေမရှိ လမရှိ ကိုယ့်ကမ္ဘာ
မျှော်လင့်ခြင်းတွေပဲ မီးချို့ရင်း
လင်း ရတဲ့အခါ
လောကဓံကို လက်ချင်းချိတ်
မိုးကုတ်စက်ဝိုင်းအထိ ကန်းပြစ်လိုက်တယ် ။
နားလည်းရခက်တဲ့ အာခေါင်ခြစ်သံ
စကားပြောခန်းတွေ ပထမအပုဒ်က
နာကျင်မှု့ဆာရည်းစိမ် လို့
အငတ်ဘေးကို သီချင်းလုပ်ဆိုခဲ့တယ်
တနယ်တကျေးမှာပေါ့ ဘ၀ဇာတ်ဆရာရဲ့ အလိုတော်အတိုင်း ။
လုပ်အားခေါင်းပုံဖြတ် လွတ်လပ်မှု့ကိုသင်းကွပ်
ထမင်းရှင်ဆိုပြီး ဦးခိုက် ရဦးမလား
တဝေါဝေါစီးဆင်းနေတဲ့ အတ္တတွေကြားမှာ
အိပ်ပြန်ချိန် မိသားစုမျက်နှာမြင်ယောင်ရင်း
ရှိသမျှ မာနတွေ စိတ်မပါပဲရိုကျိုးရခဲ့ရပြီပဲ။
နေ့ည အလုပ်ပြီးရင်းအလုပ်ပဲ
ကျောက ဒဏ်ရာ နက်လာတယ်
လူရောင်တော့ မှုန်ပြီးရင်မှုန်ခဲ့
နွေဦးပေါက်ရင် သား မေမေ့ဆီ ပြန်လာတော့မယ်။
Posted via Blogaway
Comments
Post a Comment