###မေမေသားမိုက် မိုက်လုံးကြီးနေတုန်း###လွတ်လပ်ရေးလဲ
လင်းဆက်ပိုင်
ဒီနေ့ မေမေကို လွမ်းတယ်
လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပါယ်ကိုလွမ်းတယ်
ထွေပွေ့ခွင့်မရသေးတဲ့ ...
မေမေကို ရှိခိုးကန်တော့တယ်
လွပ်လပ်ရေးဖခင်ကြီးများအား လေးနက်စွာ အလေးပြုတယ်
လေးမြတ်စွာ ခခယ၀ပ်တွားတယ်
ပြာသိုလပြည့်
လွတ်လပ်ရေးနေ့ ။
အိပ်မက်တွေ ဝေးလွန်းနေပြီးလား
လွတ်လပ်ရေးနေ့ တကယ်ရှိရဲ့လား
မေမေ့ကျေးဇူးတွေ ဆပ်ဖို့လည်း မေ့လျော့နေဆဲလား
နေ့ရက်တွေ ကောပြီးရင်းကော
အမှန်တရားဟာ....
အမှန်တကယ်ရှိနေသေးရဲ့လား။
တနေ့နေ့ဆိုတဲ့ သေချာခြင်းနဲ့ မိုက်ကောင်းတုန်းပါပဲလေ။
၎.၁.၂၀၁၅
Posted via Blogaway
Comments
Post a Comment