#အွန်လှိုင်းမှာ အသဲကွဲနေကြတဲ့ သူငယ်ချင်းတွေအတွက် ကိုယ်စားဖွဲ့သီပါတယ်
အွန်လှိုင်းချစ်သူ
လင်းဆက်ပိုင်
ချစ်သူဘ၀တဲ့ ဖွဲ့စရာ
သူတကာလို....
အတူတွဲ ဘန်ဒါရိပ်တွေ နဲ့
အအေးဆိုင် လ္ဖက်ရည်ဆိုင် မထိုင်ဘူးခဲ့
အတူ ဘုရားမှာလည်း သစ္စာဆို ဆုမတောင်းဘူးခဲ...။
ချစ်သူဖြစ်ကြောင်း
သက်သေပြစရာဆို
ကိုယ့်နှုတ်က စကားလေးရယ်
သူ့ရဲ့နားရယ်
ဒါပါပဲ....
ရိုးစင်းလွန်းပါတယ် ။
နက်ရှိုင်းစွာစိုက်ဝင်နေတဲ့ ဓားလို
ကိုယ့်စိတ်ကို ဖောက်ထွက်သွားတဲ့
ကိုယ့်သစ္စာတရားဟာ....
ဒါ....
ကိုယ့်ကိုကိုယ် လုပ်ကြံခြင်းပါပဲ...။
ထပ်မံငြင်းခုံစရာ
ပျိုးပြက်ပြက်လင်းပြစရာ
သေကွင်းသေကွက်တွေချည့် အထိုးခံရလည်း
သူလိုရာ ခ၀ါချ ထားရင်း....
နေတာတိုတဲ့ ဆောင်းကို ညိုးမာန်မဖွဲ့ချင်ဘူးကွယ်...။
Comments
Post a Comment