ရင်ဘတ်ကစုံကန်ထွက်သွားတဲ့ဥသြသံ
......လင်းဆက်ပိုင်
ကိုယ်ရွေးချယ်လိုက်တဲ့ ပုံသဏ္ဍာန်ဟာ
တစ်ဘ၀လုံး တိတ်ဆိတ်စေမှာလား
လက်ခုပ်လက်ဝါးတီးပျော်နေတဲ့သူတွေကို အားကျ
ကိုယ်မှာတော့ ခံစားချက်တွေနားထောင်းပေးမယ့်
နားတစ်စုံက အင်္ဂါဂြိုလ်လောက်ထိ
နီးလို့လာတုန်း။
ကိုယ့်ရင်တွင်းလှိုင်းတွေက ပင်လယ်နဲ့ မဆန့်အောင် သိမ်ငယ်ရ...
နားလည်ရခက်သော လည်ချောင်းထဲက ပုံတိုပတ်စတွေ
ဘယ်နံရံမှာ တွဲချိတ်ရမှာလဲ
အချိန်တွေ မလျော့မတင်းနဲ့ ဆောင်းကြိုးညှိရခက်တယ်
ငါတို့နှစ်ဦး လက်ချင်းချိတ်ထားပါတယ် ဆို
ဘယ်သူယုံမှာလဲ။
ကိုယ့်အရိပ်ကို အသံတွေဝတ်ပေးကြည့်တယ်
ဘာလုံခြုံမှု့မှမရှိဘူး
လျှာကို ထိပ်တုံးခတ်လိုက်တယ်
ငါ့အသက်ဓာတ်ဟာ ငါ့သီချင်းဖြစ်ကြောင်း
သတင်းကာင်းပါးလိုက် ပါရဲ့ကွယ်
ရယ်မောသံတွေ သင်္ဂြိုလ်ခဲ့ရတယ်။
Posted via Blogaway
Comments
Post a Comment