ပြည်​သူ့ထံ လူကြုံ စကားပါးခြင်း


ပြည်​သူ့ထံ လူကြုံ စကားပါးခြင်း
.....လင်းဆက်​ပိုင်

ဖန်​ခွက်​ထဲမှာ ​မျှော်​လင့်​ချက်​တစ်​၀က်
ပင်​လယ်​ထဲမှာ ​မျှော်​လင့်​ချက်​တစ်​၀က်
ဒီမတူညီမှု့ကို ​ပေါင်းစပ်​ဖို့...
ဒါဟာ အရိုး​ပေါ်အ​ရေတင်​ အိပ်​မက်​ပါပဲ ။

ကျွန်​​တော်​အမည်​ ပြည်​သူပါ
နောက်​ပြီး...
လောကဓံနတ်​က အပစ်​​ပေးခံရတဲ့
နှလုံးသားတို့ ကွန်းခိုရာ အိမ်​​ခြေမဲ့
ကိုယ့်​ရဲ့ ​ခေတ်​က ​ခေါင်​ရမ်းပန်း​တွေ​ဝေတယ်​။

အ​လင်း​ရောင်​​တွေအ​ကြောင်းမ​ပြော​တော့ဘူး
အာဏာ​တွေက အုပ်​စုဖွဲ့ပြီး အ​မှောင်​ချထား
သက္ကရာဇ်​​တွေ အနန္ဒကြာ​နေပြီ
တိမ်​​တွေ ခြစ်​ခြစ်​​တောက်​ အုံဆိုင်း။

မနက်​ဖြန်​မှာ လူကြုံနဲ့
အာရုံ​တွေ မီးမလင်း​သေးတဲ့အ​ကြောင်း
ဖွံ့ဖြိုးမှု့​တွေ​နောက်​ကျတဲ့အ​ကြောင်း
အ​ရေးမကြီးပါဘူး
လွှတ်​​တော်​အမတ်​​တွေ ....
၁၀သိန်းရလို့ ​ပျော်​​နေကြတာ..
ဒါကသာ သတင်း​ကောင်းလို့မှတ်​လိုက်​ပါ။

Comments