လက်စသတ်တော့မယ်
လက်စသတ်ဖို့ကြိုးစားထားတဲ့ ကိစ္စတွေ
အမြီးတန်လန်းနဲ့ အူးနေတယ်
စီးကရက်သောက်လိုက် ပါတ်ဝန်းကျင် ကို ငေးလိုက်နဲ့
အရည်ပြားပေါ်က ချွေးသီးချွေးပေါက်တွေ အငွေ့ပျံနေတယ်
နာရီတွေ စိုရွှဲနေတာပဲ
နှုတ်ခမ်းတွေပြာနှမ်း ပြဒါးတလမ်းရွှေတလမ်းပဲ
မှန်ထဲမှာ အတိတ်မပေါ်ဘူး ကိုယ့်မျက်နှာပဲပေါ်နေတာ
မှန်က မသတီဘူးပြောပါရော
သတ်ပုံမှန်ပေမယ့် မူရင်းအဓိပ္ပါယ်လွဲနေသလိုမျိုး *အ*
ရေပွတ်ပမာလေးကို စုံလင်တဲ့ဝေဒနာရသတွေ ငါတို့ဖန်တီးရင်းပျော်နေကြတယ်
အမှန်တရားအကြောင်းနေစောင်းရင်သိရမယ်
ပန်းနုရောင်မျက်စောင်း င့ါညတွေကို လာမလည်တော့ဘူး
တစ်ယောက်ထဲပဲ နှုတ်ဆက်လိုက်တယ် ဂွတ်နှိုက်
တကယ်ဆို မဂွတ်ဘူး အိပ်မက်တွေ မီးထွန်းရှာလို့မှမရတာ
သေချာတာကတော့ ရင်ဘတ်ကမီးလောင်ပြီး လင်းနေပြီ
ဘယ်သူမှ ရင်ငွေ့လာမလှုံကြဘူး
တစ်ဦးကို တစ်ဦး စိတ်ကို အမှတ်သားပေးကြတဲ့နေက
နှလုံးသားကို ခေါစာပစ်ကြွေးရမယ်လို့ ဘယ်သိမှာလဲ
အခုတော့ သာသာယာအဆင်မသင့်တော့ဘူး ပူသလိုလိုကြီး ပူနေတာ
မေးခွန်း ထုတ်ခွင့်မရှိဘူး အဖြေကို လိုသလိုတေးယူ
ပျော်ချင်ယောင်ဆောင်လိုက်
မိုးနတ်မင်းနဲ့ ငါနဲ့ သိတဲ့ ဒုက္ခဆိုတာ သစ္စာရှိသူတွေ တွေ့ရတက်တဲ့ စကားလုံးပါပဲ
ဘ၀က ရှိရင်းစွဲ အတိုင်း စုတ်ပြတ်သပ် နေတာ
အမယ် ငိုအားထက်ရယ်အားသန်
ရောင့်ရဲစရာ နတ္ထိတွေ အပိုအလိုမရှိစေရဘူး
မနက်ဖြန်မှာ ငါမရှိတော့လဲ ဘာမှမဖြစ်ပါဘူး
ငါ့ကို လိုအပ်သူမှမရှိတာ ငါရိုးသားခဲ့တာတွေလည်း
ပုံပြင်ထဲမှာ ပါမှာမဟုတ်ပါဘူး
အခုတော့ သေချာတာတစ်ခုက
အခု အခု အခု ငါသေလို့ရပြီးဖြစ်ကြောင်း ငရဲမင်းနဲ့ စကားပြောတော့မယ်။
လင်းဆက်ပိုင်
၁၆.၁.၂၀၁၅
Posted via Blogaway
Comments
Post a Comment