ကန့်လန့်ကာ နောက်ကွယ်က ခလုတ်နိပ်တဲ့အသံ
ဒီအသံမှာ ဂရုဏာသံ မပါဘူး
မိဘပြည်သူများခင်ဗျာ
ကိုယ့်ချွေးကိုသောက် ချွေးသိပ်ကြပါ။
ငြိမ်းချမ်းရေးတဲ့
ဥသြသံနဲ့ မျှော်တောင်ယောင်တေးမှမဟုတ်တာ
ယုံကြည်မှု့တွေ ဖက်လှဲတကင်းနဲ့
ရင်ခွင်းခြင်းတွဲချိတ်
ဝံပုလွေလို အာဏာသံဟာ
လွမ်းမောစရာ အတိတ်သမိုင်း
ချွေးသွေးတွေကို သတိပိုရစေတာပဲ။
မျှော်လင့်ခြင်း အသိဥာဏ်တွေသင်းကွပ်ခံရ
ဘာသိဘာသာ နေလို့မရတော့ဘူး
မြို့ဟောင်းရဲ့ တိမ်လိပ်တိမ်မည်းတွေ
နဝေတိမ်တောင် သယ်ဆောင်ခဲ့တာ နှစ်၆၀
ငြိမ်းချမ်းမှု့မရှိပဲ ရှင်သန်းရခြင်းထက်
သေသော်မှသာ ပိုကောင်း၏ ။
အသက်တစ်ချောင်းထက် ငြိမ်ချမ်းရေးဟာ
အရေးတကြီး လိုအပ်တယ်
ငါ့လက်ထဲမှာ ကလောင်တစ်ချောင်း
သေးသေးလေးရှိတယ်
ဒါနဲ့ပဲ တိုက်ပွဲဝင်မယ်။
အဓွန်ရှည်တဲ့ ငိုချင်းတွေ ရပ်တန့်ဖို့
ရပ်တည်ပေးရမယ့် ငါအဇ္ဈတ္တဖြူတဲ့သူဖြစ်ခွင့်
မတရားမှု့ကြား သေကောင်ပေါင်းလဲ
ရှေ့ဆက်တိုးပါရစေတော့
အတင့်ရဲစွာ ချဉ်းကပ်ဦးမယ်
ငြိမ်းချမ်းရေးအသံ ငါ့ကို မမုန်းမချင်းပေါ့။
Posted via Blogaway
Comments
Post a Comment