လရောင်ကွယ်တဲ့ မြို့
လင်းဆက်ပိုင်
ကျွန်တော်နေတဲ့မြို့က ပူတယ်
အိပ်မက်တွေ ကာရံချယ်
သောကကြယ်တွေ တပ်ဆင်ထားတဲ့
လမ်းဘေးဝဲ ယာ ဓာတ်တိုင်များ
မဲ့လိုက် မှိတ်လိုက်
အမှောင်တွေထဲ အမှောင်တွေသာတိုးဝင်လို့။
မုသားတွေပဲ ဖြာဆင်းပြီးဖြစ်ဖြစ်
လမင်းရေ ခဏလောက် ဖြတ်လျှောက်ပေးပါ
ငါနေရာ ၀ပ်ကျင်းကလေး
အမှောင်တွေ အနယ်ထိုင်နေတာ
မမြင်ချင်ယောင် ဆောင်နေသလား။
ပြန်ထွက်ခွာလို့ မရတော့ဘူး
ရှင်သန်ခြင်းတွေ ကန်းနေရပါပြီ
အလင်းရောင်လည်း မျှော်တလို့
ခေါ်ထားခွင့်မှ မရှိသေးတာ
ကိုယ် စတေးချတဲ့မြို့ သောကတွေဝင်စီးနေပြီ
လမင်းရေ ခဏလောက် လာဦး။
၇.၁.၂၀၁၅
Posted via Blogaway
Comments
Post a Comment