ခြေကုန်လက်ပမ်းကျသည်အထိ
အနီရင့်ရင့်ပွင့်နေတဲ့
စကားလုံးတွေက စိတ်ကိုပြန်ရေးခြင်းခံရတဲ့အခါ
သူမဟာ ကျနော့်အိပ်မက်
အသက်ဓာတ်တွေ ကိန်းဝပ်တယ်
စိတ်တွေပေါက်ထွက်မတက်..
ဖျပ်ခနဲပွင့်ထွက်သွားတဲ့
တပ်မက်မှု့နဲ့
ဒုက္ခရှိရာအရပ်ကိုပဲ ခေါင်းအုံးအိပ်မိပေါ့
ဒါကိုပဲ တနေ့နေ့လို့ ခုတ်ထစ်ရင်း
တခုတ်တရ ရဲရင့်လိုက်ရတယ်
လင်းဆက်ပိုင်
Comments
Post a Comment