#ကိုယ့်ရဲ့ နာရီ
စက္ကန့် အရွေ့တွေတိုင်း
သတိရစိတ်တွေ ခိုစီးလိုက်တယ်
မရပ်တော့ဘူး
စိတ်အမျောနဲ့ ခရီးဆက်တယ်
လောကအမှု့ နစ်မွန်းစေတဲ့ ဒုက္ခလူ
ပျော်ရွှင်ခြင်းတွေ အရေးပါအရာရောက်ရဲ့လား
ငါ ရှာဖွေရတာ မောနေပြီ
စိတ်ကို မြေပြင်နဲ့ ဓာတ်ပြု
သောကတွေ ပွင့်နေတာ
ကြည်နူးရမလိုလို
တခါတုန်းက စံပယ်ရနံလေးကို လွမ်းတယ်
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment