မဆုံးသောအဓိပ္ပါယ် ပိုင်တဲ့ အက္ခရာ
...........................လင်းဆက်ပိုင်
စွယ်တော်ရွက်လေးလို အလွှားရောက်လို၏
ငါထိုင်နေတယ် ထတယ် အလုပ်တွေလုပ်တယ်
စိတ်တွေကတော့ ခုန်လို့
အဲ့ဒီနေရာလေးကို ရောက်မလားလို့ရယ်။
အမျိုးတူ အသံတူ အဓိပ္ပါယ်တူလည်း
နေရာဒေသ မတူသေးတော့ ဆွေးကြေရ
ဆန္ဒတွေ ဇောကပ် မမောတက်သေးဘူး
အလီလီပေါက်ဖွားနေတဲ့ စကားလုံးတို့နဲ့ရယ်။
ဒီဝါကျ အတိုလေး မပြေပစ်ဘူး
ချီးကျူးစရာပဲ ဖတ်လို့မကုန်နိုင်အောင်
နွဲ့နွဲ့ဖွဲ့ ရာစုချီအောင် မရပ်မနား ဆက်တိုက်ပဲ
ခခွေး
သူရဲကောင်းတွေတောင် "ခ" ရ။
အရာဝတ္ထုလည်းမဟုတ်ဘူး
ပုံသဏ္ဍာန်လည်းမရှိဘူး
အတိုင်းအဆလည်းမရှိဘူး
နေရာဒေသတိုင်း မှာ သူ မင်းမူ
ကဗျာတွေ ကုဋေကုဋာ ဖွဲ့ခဲ့ကြလည်း
မကုန်ဆုံးဘူးရယ်။
၆၁၂၀၁၅
Posted via Blogaway
Comments
Post a Comment