#ဧရာမသေးသေးလေးလောက် ရူးကြည့်ခြင်း
လင်းဆက်ပိုင်
ဘာနဲ့မှတူအောင်ကို လွမ်းတယ်
သဘောတူ လ-သီချင်း ကြယ်-သီချင်းတွေ
ဘယ်သူများ ခိုးသွားသလဲ
နိစ္စဓူဝ ခရမ်းလွန်ရောင်ခြည်တွေကြား
မတ်မတ်ပဲ ဒူးထောက် လို့ ယိုင်ထားလိုက်တယ်။
ကိုယ့်မှာ ရိုးမယ်ဖွဲ့တေးပဲ ဆိုးရမလား
ဖြစ်တည်မှု့တွေ ပေါက်ကွဲလိုက်ရမလား
ခံစားမှု့တေးသွားတွေ နာနာကြီး ဟစ်ရမလား
ကိုယ့်ရဲ့ နှစ်သိမ့် ပဲ့ကိုင်ရှင်တေးလေးရေ
လိုအပ်နေတဲ့ မျက်ဝန်းတစ်စုံကို ဘာနဲ့ဆက်သွယ်ရမလဲ။
စိတ်ကို တီးခတ်လိုက်တိုင်း သာယာသံမထွက်တာ
ကြာပါပြီ
ကိုယ်ကပဲ သူငယ်ချင်းတွေပြောသလို
လွမ်းတက်သူကြီးလား
ပါတ်သတ်မှု့ နက်ရှိုင်းလွန်းတဲ့
မသိခြင်း အလင်းနှစ်တို့ အိပ်မက်ဆန်လို့မှမရတာ။
ဟိုဒီလွှင့်လူးနေတဲ့ လေနှင်ရာတိမ်စိုင်လို
တွေးမှု့တွေ ယောက်ယက်ခတ် တယ်
ဒါကိုပဲ သေချာ ပန္နတ်ရိုတ် လို့
စိတ်ချလက်ချ ယုံကြည်မိပါတယ်
ကိုယ့်ဘက်အခြမ်း ယုံကြည်မှု့ဟာ
အားကောင်းမောင်းသန် စီးဆင်းနေဦးမှာပါကွယ်။
တအိအိ ရိနေတဲ့ နေ့ရက်တွေ ထဲမှာ
ဆုပ်ကိုင်ခွင့်မရသေးတဲ့ လက်အစုံကို ငံလင့်
တနေ့သောအခါမှာ ပြည့်မြောက်လိမ့်မယ် အထင်နဲ့ပေါ့
ပုံပြင်ထဲက မင်းသားလေးလို
နောက်ဆုံးမှာ သူတို့ပျော်ရလေပြီ....
အဲ့သလို အရူးထခြင်းနဲ့ သွပ်သွပ်ခါထားတယ်။
တဝေ့ဝေ့ တကွဲတပြာစီ အချိန်တွေရင့်ရော်
နွေဦးပေါက် ရွက်သစ်တွေဝေနေပြီ
ကိုယ့်ရဲ့ စိတ်ရဲ့ပွင့်ဖတ်တွေ ဝေလို့မရသေး
မိုးစက်မိုးပေါက်တို့ ရွာချလိုက်တာတောင်ပဲ
မြေသင်းရနံလေး မရဘူးရယ်
ဒုက္ခတွေရောက်တဲ့အထိ ဆည်းဆာကိုမျှော်နေမယ်။
သာယာရွှင်လန်း အသိဥာဏ်မှန်သမျှ
ကိုယ့်ဘ၀ရဲ့ စိတ်သဘောထား
ယဉ်ကျေးပျူငှါခြင်းတွေအကုန်
စေတသိတ် ပိုင်ရှင် လို
ကိုယ့်ရဲ့ မိုက်မဲ ပြေးလွှားနေသော
ကောင်းကင်တံခါးကို ဖွင့်ပေးနိုင်သူ
သော့တံလေးက မင်းပါပဲလေ။
Posted via Blogaway
Comments
Post a Comment