နံရံရှိတယ် ပဲ့တင်သံရှိတယ် နားမရှိဘူး
....လင်းဆက်ပိုင်
ကြိုးနီစနစ်နဲ့ လိမ်ရှုပ်နေတဲ့
အသက်ရှူမှု့ထဲမှာ ....
ကိုယ်ပိုင်အလင်းတွေ သင်းကွပ်ခံရ ယိမ်းထိုးပြီးတောင် ဖြတ်သန်းခွင့်မရဘူး။
ငါ့တို့...(နင်းပြားတွေရဲ့)
ထိုးထွင်းဥာဏ်တွေ စေလိုရာ ခံရ
မသေကောင်းမပျောက်ကောင်းကိုယ့်အရိပ်တွေ
လွတ်လပ်ခွင့်ပေးပြီးတဲ့နောက်
အမှန်တရားဆီ ပြန်မလာတော့ဘူး။
အရှိုက်ထိ အသက်ရှူမှု့တွေ
ဘယ်သူမှ အရေးတယူမလုပ်ကြဘူး
ငါတို့မှာ ထွန်ယက်စိုက်ပျိုးစရာ နေရာမရှိတော့ဘူး
နှစ်၆၀ ငရံနှင်ဖို့ ၂၀၁၅ဟာ အဆင်သင့်မဖြစ်သေး
ဘူး ကောင်တွေ အဆင်ပြေနေတယ်။
တို့ဆေးမိ အာဆိပ်ညံ့ခဲ့ရ
ရွေးချယ်စရာသေခြင်းထဲတိုးဝင်းလည်း
ငြိမ်းချမ်းရေးဘတံခါးက ပွင့်မလာဘူး။
နတ္ထိတွေ မီးဇာမြင့်တင်ထားကြတယ်
ဒီသီချင်းတွေပဲ ထပ် ထပ်ကျော့
ဒီမိုကရေစီ ဆိုတာ ...
သူတို့နားမလည်းပဲ ဆိုတဲ့သီချင်းလား။
ကလိမ်တွေ ကျစ်ထားတဲ့ကြိုးနဲ့
မက်လုံးပေးတယ်
အဆုံးသတ်က အစကလိုပဲ
သိတယ်မို့လား မိုးပေါ်ထောင်မပြစ်ဘူး
သဘောပေါက်တယ်မို့လား
အသက်ရှူမှု့တွေ ဆေရုံတင်ထားလိုက်..
ပြီးရင် မလွယ်ပေါက်ကနေ ရောက်အောင်သွားကြ
ငြိမ်းချမ်းရေးဆိုတာ တုံးအောက်ကဖားတွေရဲ့ အသံစစ်စစ်ပါ။
Posted via Blogaway
Comments
Post a Comment