အဖွဲလေး နိုးနိုးနိုး အော်ကြည့်မလို့
လင်းဆက်ပိုင်
အခွံ ကြွင်းကျန်လေးကို ငါငေးရင်
စဉ်းစားကြည့်တယ်
မျှော်လင့်ခြင်းကို အခွံထဲမှာ အခန့်သား
ဝင်ထိုင်လိုက်တော့
သူ့ကိုယ်ငွေ့ ဥပေက္ခာ အနည်းငယ် တွေ့ရ
ထိစပ်လို့မရတဲ့ တစ်စုံတစ်ရာ လှနေတုန်း။
နေ့ရက်တွေအတိုင်းသား
စိတ်ဖန်သားပြင်ပေါ် အကြောင်းအရာများ
မစဉ်းစားခြင်းသေတ္တာထဲထိုးသိပ်ထည့်ရင်း
အစီအစဉ်တင်ဆက်မှု့တွေ ရပ်နားထားလိုက်တယ်
ကန့်သတ်မဲ့ (ဘာအကန့်မှ မရှိတော့တာလား)
ဖွင်ချရမယ့်နေ့ရက်တွေ ရောက်ချင်ရောက်လာမယ်
သေချာတော့ မသိ။
အနာဂတ် ဆီ ရွေ့၍ ငေးကြည့်မိ
ဘာရယ်မဟုတ် သူပျော်ရွှင်ရဲ့လား
သိချင်မိ
ဘ၀ဆိုတာ တိုတိုလေး လက်သဲခွံပေါ်ရေးကြည့်ပါ။
၈.၁.၂၀၁၅
Posted via Blogaway
Comments
Post a Comment