အခါ

အခါ
......လင်းဆက်ပိုင်.....

နံနက်ခင်းနေခြည်စနဲ့အတူ ငါနှုတ်ဆက်တာ
မင်းမသိတဲ့အခါ

ပေးစရာ စကားလုံးတွေ အဆင်သင့်ရှိနေပေမယ့်
လက်ခံမယ်သူ မရှိတဲ့ အခါ

ကဗျာလေးတွေ ရေးထားပေမယ့်
ဖတ်သူမရှိတဲ့ အခါ

အိပ်မက်ထဲ တွေ့ရမလားလို့ ပါ
အိပ်မပျော်တဲ့ အခါ

အခါ အခါ အခါခါ
အချိန် အခါ ဆိုတာ
အရှိန်အ၀ါ မရှိတဲ့ ငါ့အတွက်တော့ ။

ပေးစရာအချစ်​တွေရှိပေမယ့်
လက်ခံမယ်သူ မရှိတဲ့အခါ
နာရီတိုင်းဟာ ဒဏ်ရာပါ။

၈.၁.၂၀၁၅


Posted via Blogaway

Comments