ငါလည်းပြန်​ပြီး(ထပ်​မှာပြနပြီ)

ငါလည်း ပြန်​ပြီး(ထပ်​မှား ပြန်​ပြီ)
..........လင်းဆက်​ပိုင်

ဒီ​နေ့ပဲဖြစ်​ဖြစ်​ မနက်​ဖြန်​ပဲ ဖြစ်​ဖြစ်
ငါ မရှိခြင်း​အ​ဆွေး​တွေ ထိုင်​​ရေဦးမယ်
ဘယ်​အချိန်​က အ​ကြွေး​တွေလဲ
ငါမမှတ်​မိပါဘူး ​ကြေ​အောင်​ဆပ်​ပါ့မယ်​။

ဘာမှ ​ခေါင်းစဉ်​မတပ်​​တော့ဘူး
လိပ်​စာမရှိတဲ့အရပ်​ကိုပဲ
ဟင်​အင်း
အလင်းမရှိတဲ့ အိမ်
ကိုယ်​မီး​တောက်​ပြချင်​ယုံ 
သူ အလင်းရမယ်ဆို​​ရင်​​လေ။

မသိရ ဘာမှကိုမသိရ
ဒါကိုပဲ အ​ရေးတယူ အရာ​ပေးသွင်းရင်း
ငါ့ကိုယ်​ငါ ပြန်​ပြီးမမှတ်​မိဘူး
အသိတစ်​ခုတည်း သူမှသူ
ဒါလည်း ​ထွေး​ပွေခွင့်​ မရပြန်​ဘူး​လေ။

သေချာတာ တခါမှ မရှိခဲ့ဘူးတဲ့
မိန်​မတစ်​​ယောက်​ ရိုကျိုးခြင်း​တွေ
ဘယ်​သူ လာ ​ထည့်​​ပေးခဲ့တလဲ
သူဘယ်​လိုပဲ ဆက်​ဆံဆက်​ဆံ
ငါအပြုံးနဲ့ တုန့်​ပြန်​တက်​​အောင်
ဘယ်​သူ သင်​​ပေးခဲ့တာလဲ ။

မနက်​ဖြန်​ဆိုရင်​ပဲ အမှတ်​တရ​နေ့စွဲ​လေးက
ငို​နေ​တော့မယ်​.....
ပြိုင်​မျဉ်း​တွေမဟုတ်​ပဲ ဆုံခွင့်​မရတာ
ငါမြတ်​နိုးတဲ့အရာမှန်​သမျှ ဆုံးရှူံး ရတာ
ထုံစံတစ်​ခုလို ။

ငါ ဆက်​မ​ရေးနိုင်​​တော့ဘူး...
ငိုချင်​လာတယ်​....
ဒါ သူသိလို့မဖြစ်​ဘူး
ပျော်​​အောင်​​နေပါတဲ့
မင်း​ရော​ပျော်​ရဲ့လား
အဟက်
ငါ့ကိုယ်​ငါ ပြန်​ညာ​နေရတာ ကြာပါပြီ ။





Posted via Blogaway

Comments