အမှောင်ဆုံးနေ့စွဲ
....လင်းဆက်ပိုင်
လမင်းကို ကွန်နဲ့ပစ်
အလင်းတွေစုထားချင်တဲ့
အရူးက ကိုယ်ပါကွယ် ။
သူ့ရဲ့ ရှက်ပြုံးလေးက
မပုပ်မသိုးတဲ့ အလင်းလား
ရင်ဘတ်ကြီး ကျင်တက်အောင် လင်းတယ် ။
လမင်းက ဒေါက်ဖိနပ်စီးလို့
Cat walk လျှောက်တယ်
ငါ့လည်မြိုပေါ် ....
ငါ့အသံတွေ တွန့်ကြေသွား။
ဓမ္မတေးသံနဲ့ ဒါဟာ
လပြည့်ညတဲ့
ရင်ခွင်စကားတွေ ဘုရားဖူးထွက်သွား
သစ္စာတရားဟာ ညာသံပေးတယ် ။
ရှူ့မျှော်ခင်းတွေ
စုံစုံနစ်အောင် မှောင်ရဦးလား
ငါတ်ို့အနမ်းတွေ
ဒုက္ခတွေ ဖျော် ဖြေရတာ
ပျော်စရာကောင်းတယ် ။
Posted via Blogaway
Comments
Post a Comment