အဲ့ဒီ​နေ့​ကြောင့်​တစ်​ဘ၀လုံး​မှောရ


အဲ့ဒီ​နေ့​ကြောင့်​ တစ်​ဘ၀လုံး​မှောင်​ရ
.......လင်းဆက်​ပိုင်

စိတ်​နှစ်​ခုဟာ  အရမ်းနီးကပ်​တယ်​ဆို​ပေမယ့်
အ​ဝေးတစ်​​နေရာ​စီနေရတဲ့အခါ
စူရှရှ အလွမ်း​တွေ အ​တွေးမှာ နစ်​၀င်​ရတယ်​...။

ကိုယ်​တို့နှစ်​ဦးကြား
ပြဒါးမရှိတဲ့ မှန်​​တွေက ​လေ
ပြုံးပြခွင့်​မ​ပေး​တော့လည်း
ကိုယ့်​ရင်​ဘတ်​ကို နှစ်​သိမ့်
လက်​​တွေပဲ အသားမာတက်​ရတယ်​။

မျက်​၀န်းကစည်း​ကြောင်းနှစ်​ခု
လမ်းလွှဲခွင့်​မရှိခဲ့
မျှော်​လင့်​ခြင်း​တွေ ထစ်​ချု န်းခွင့်
မင်းဆံနွယ်​ဖားလျားထဲ
ပျော်​ရွှင်​ခြင်း​တွေခွဲစိတ်​ဖို့
ဒီ​နေ့ဟာ တနင်္ဂ​နွေ ပါပဲ...။

လေအစုန်​နဲ့ နံနက်​ဖြန်​မှာလူကြုံ ပါးဖို့
အိပ်​မက်​​လေး ပါတ်​စပိုစ့်​ ​လျှောက်​ထားတယ်
ဒါမယ့်​ကွယ်​ ဇာတ်​၀င်​ခန်း​တွေ ကြည့်​ဖို့
အဲ့ဒီ​နေ့က မီးပျက်​တယ်​။

Comments