လွမ်းရခြင်းအကြောင်း
....LinSetPaing(Neurosis)
ချို လွင် အေး မြ
နု ထွေး လှ ပ
အ ပြုံး မျက် နှာ
နေ ခြည် ဦး မှာ
မျှော် နေ မိ သည်
ချစ်သူ လာ မည်း လား။
ဘယ် မျှ ဘယ် ဝယ်
တမ်း တ ရ မည်
မ သိ ပါ ပဲ
လွမ်း နေ မိ သည်
ခင်...။
စံ ပယ် နှင်း ဆီ
ထုံ အီ မွှေး ပျံ့
ချစ် သူ့ ရ နံ့
*တ* နေ မိ သည်
ကိုယ် သင်း ရနံ့ လေး
အ မြန် လာ ပါ
ခင်...။
ကျေး ငှက် သီ ချင်း
သာ ယာ သော် လည်း
သာ ယာ ချို လွင်
ချစ် သူ့ သီ ချင်း
လေ ပြည် ညှင်း နဲ့
ဆိုက် ရောက် ပါ တော့
ခင်...။
နံ နက် စော စီး
နေ မွန်း တည့် လို
ကန္တာ ပြင်း ပြင်း
ခံ စား ရ ပေါ့
ဘ ဝင် အေး ဖို့
အ မြန် လှမ်း လို့
လာ ပါ တော့ လား
ခင်...။
Comments
Post a Comment