တုန်ရီနေတဲ့ဘူတာ
.......လင်းဆက်ပိုင်.....
ကိုယ်တည်ဆောက်ထားတဲ့
ဘူတာရုံလေးသို့...
အမည်တစ်ခု ဆိုက်ရောက်လာမလားလို့ရယ်
နွေဦးလေအဝေ့ဟာ
ပို လွမ်းမောဖွယ်ရာတွေအပြည့် သယ်ဆောင်လာတယ်
ကိုယ့်မျှော်လင့်ခြင်းဟာ
အုပ်ထိန်းမှု့အောက်မှာ ရှိနေရ
သူရေ...
ဖူးသစ်နုရွတဲ့ စိန်းလန်းခြင်းတွေလဲ
တဖြည်းဖြည်း
နွေရဲ့ တေးတွေကြားမှာ
အလျှံ ညီညီ နဲ့
တလျှပ်များဟာ
ကိုယ့် အတွက် မက်မပြအောင်
အလွမ်းလား
အိပ်ယာဝင်ပုံပြင်တွေပေါ့
ကိုယ်ကြုံတွေ့ခွင့်မရတဲ့
မေတ္တာရည်ရွှမ်းတဲ့အချစ်
နေရာတကာ တွန်းဖွင့်လိုက်တိုင်းမှာ
အတွေးတွေဟာ
လွင့်နေအောင့်ပွင့်တယ်..
တသွင်သွင်စီးဆင်ခဲ့တဲ့
စမ်းချောင်းကလေး
အခုတော့ နတ္ထိတွေကြားမှာ ကောခဲ့ရပြီ
ရင်ဘတ်ကိုယ်ငုံ့ကြည့်လိုက်တော့
ကိုယ်သစ္စာတရားသာ
အရွက်ဖားဖားကြီးရင့်နေပြီး
အမွှာမွှာ ပြန့်ကျဲနေတဲ့
စက္ကန့်တွေကြားမှာ
ဆိုက်ရောက်လာမယ့် 
သက္ကရာဇ်တွေဟာ
ကျွမ်းလုမတက်
အထီးကျန် အထုပ္ပတ္တိ လို
ဒါဟာ စိတ်ဘာသာဗေဒရဲ့
အလှစစ်စစ်ဖြစ်သည်ဆိုရင်ဖြင့်.....။
13.2.2015
Comments
Post a Comment