နွေရယ်....
သက်ပြင်းတွေ နက်မှောင်လွန်းတယ်
လက်ပံပွင့်တွေ ရဲနေလိုက်တာများ
ရွက်ဝါတွေ ကြွေဝဲနေလိုက်တာများ...
ကိုယ်စိတ်မှာ ကပ်ပေါက်နေတဲ့
အတွေစတွေ ဘာ့ကြောင့် ချွေချမရတာလဲ...
ကြွေလိုက်ဝေလိုက် သင်္ခါရတွေ
သက်ရောက်မှု့မရှိနိုင်တာ မင်းနားလည်ပါကွယ်။
လင်းဆက်ပိုင်
19.2.2015
Comments
Post a Comment