ဘာမှမပြောင်းလဲချင်လဲကွယ်
တချို့အရာတွေဟာ နှုတ်ဆိတ်နေရတာပါပဲ
ကဗျာနဲ့ပြောတဲ့စကားတွေလည်း
သူမဖတ်ဘူးရယ်
နှလုံးသားရဲ့ ဘာသာဗေဒတွေ
ပါးလျနေရပြီး
အလွမ်းနဲ့ အရောမ၀င်ချင်မှပဲ
သတိရစိတ်က ပွတ်ပွတ်ဆူတယ်
အလိုမတူပဲ အခါးတွေကို လက်ဆွဲနှုတ်ဆက်ရတာ
ဆေးရောင်လှလှခြယ်မယ်ပြောလဲ
အ၀ါရောင် ဆွေးမြေ့ ထဲ နစ်မျောရ
ကိုယ့်အိပ်မက်တွေ ဘယ်ကျမ်းသင့်နေသလဲ
ရင်ဘတ်ကို ငဲ့ကြည့်တော့
တထောင်းထောင်းပြက်နေတဲ့
သွေးကြော၁၈၀ န၀င်းကိုက်လွန်းတယ်
ယုယပိုက်ထွေးထားတဲ့ ယုံကြည်မှု့များ
စိုက်ပျိုးခဲ့သမျှ အမြုံတွေပဲ ကြက်ခြေခတ်တာခံရ
နံနက်ခင်း ၀တ်ပြုတေးနဲ့ ဆုတောင်း
အလှည့်အပြောင်းမှာ တိမ်တွေအရောင်ပြောင်းကြလဲ
ဝေဒနာတွမေဆန်မြပြဲ ဖြစ်တိုင်းကောင်းကင်ကြီးက
အာသာဖြေ မိုးတွေဆွေတော့တာပဲ
ဒါဟာ သင်္ကေတလား သင်္ခါရလား
အသွား အပြန်ရှိရအောင်လည်း
အချစ်ဆိုတာ ခရီးသည်တင်ယာဉ်မှမဟုတ်ပဲ
ဘာပဲဖြစ်ဖြစ် မတ်မျဉ်းမှန်သမျှ အနန္ဒထိဝေးတဲ့အခါ ယိုင်ပေးရတာပဲလေ။
လင်းဆက်ပိုင်
19.2.2015
Comments
Post a Comment