ရေးလို့မရတာ​ရေးခြင်း

ရေးလို့မရတာ​ရေးခြင်း
.................................

ကဗျာ​ရေးလို့မရဘူး....
ဒါဆို ဘာ​ရေးလို့ရသတုန်း...
အာရုံ မရဘူး လမိုင်းမကပ်​ဘူး
အဲ့သလို လူလို ဟုတ်​တယ်
စိတ်​ထဲမှာ ဘာမှမရှိဘူး ပြည့်​​နေတယ်
ဘ၀င်​မကျ ဘူး
ကိုယ့်​စကားလုံး​တွေ ကိုယ်​မနှစ်​သက်​ဘူး
ရေ​ရေရာရာ မရှိတဲ့ အ​ကြောင်းအရာမဲ့
သေငယ်​​ဇောကပ်​​နေတဲ့ စကားလုံး​တွေ
ထွက်​​ပြေးလွတ်​​မြောက်​သွားခြင်းလား
တကယ်​ပါ ကဗျာ ​ရေးလို့မရဘူး
ဒါဆို.....
ခြိမ်း​ခြောက်​တာ ဘယ်​သူလဲ
ငါလား ငါလားနဲ့ ငါနဲ့ငါ မတူ​တော့ဘူး
အိုးတိတ်​ဆိတ်​လို့ ဆူညံပူညံ
အသံ ငါကြားရပြီး ငါမကြားရဘူး
မြင်​ကွင်း​တွေ ကျယ်​ ပြန့်
သိမှု့​တွေ ​သေးငယ်​ သွား သွားပြီ
အစစ်​အမှန်​ဆိုတာ ....
အများညီလို့ ဤကိုကျွဲဖက်​ခြင်းလား
ဘာ ရသ မှ မ​ပေးနိုင်းတဲ့စာ
ငါ အခု​ရေးလိုက်​တာပါ။

လင်းဆက်​ပိုင်


Comments