.......လူတွေစိတ်ခြင်း ဆက်သွယ်တယ်ဆိုတာ ငါမယုံတော့ဘူး စန္ဒာ.......
ကြယ်စင်တစ်သောင်းနဲ့ ပျှော်ရွှင်နေတဲ့ လ က
စန္ဒာဆိုတဲ့ သူမပေါ့
ကမ္ဘာဖက်မှာ လရိပ်ဖြာစေဖို့
အရှင်နေမင်းက ရှောင်ပြေးရတယ် အခြားကမ္ဘာတစ်ဖက်ကို ။
သစ္စာတရားဆိုတာက ရနံမပျယ်တဲ့ ပန်းခရေဆိုတာလဲ
သူမကိုယ် သိစေချင်သေးတယ်
၁၂လ ရာသီတွေ ရဲ့ ပန်းတွေထဲ မှာ
တိုက်ဆိုင်မှု မတိုက်ဆိုင်မှု ထို့နှစ်ခုနဲ့ ပွင့်တဲ့
ရင်နွမ်းတဲ့အလွမ်းပန်းကို အသိမှတ်ပြုအောင်
လွှတ်တော်ကိုလဲ အလွမ်းဆိုတာ တကယ်ရှိကြောင်း
အလွမ်းဟာ အချိန်နာရီမရှိကြောင်း အဆိုတင်သွင်းချင်တယ် ။
မနက်ခင်းတိုင်း တေးသီဆိုနေတဲ့ ငှက်ကလေးတွေထဲက
ငှက်တစ်ကောင် တေးမဆိုတဲ့ နေ့
အရင်ကတော့ နားမလည်ခဲ့ဘူး
ငါမရှိတဲ့ ကမ္ဘာတစ်ဖက်ကိုသွား
စန္ဒာ နင်ငါကိုယ့်ထားသွားမှ
ငှက်တွေ တေး မဆိုတာ
သူတို့လွမ်းနေလို့ဆိုတာ ငါနားလည်ခဲ့တယ်
သြော်......ငါရဲ့ ပျော်ရွှင်ခြင်းတွေသံစဉ်ပျောက်နေတာလည်း
ရက်ပေါင်း ၁၄၆၀
နာရီပေါင်း ၃၅၀၄၀
မိနစ်ပေါင်း ၂၁၀၂၄၀၀
စက္ကန့်ပေါင်း ၁၂၆၁၄၄၀၀၀ တိုင်ခဲ့ပြီ ။
မနိုင်ဝန်ထမ်းနေရတဲ့သူက ပိုပင်ပန်းရ သတဲ့
ငါမနိုင်တဲ့ အလွမ်းပူတွေ ထမ်းရင်း
မေ့မရခြင်းတွေနဲ့ လမင်းကိုရှာ
သတိရခြင်းတွေ အရှိန်ဟုန်းပြင်းပြင်းတောက်လောင်နေတဲ့ နေမင်းက ငါပါ စန္ဒာ ။
အခု...... ငါ
လူတွေ စိတ်ခြင်းဆက်သွယ်နိုင်တယ် ဆိုတာမယုံတော့ဘူး စန္ဒာ
သို့သော်
ကြယ်ကြွေတွေမြင်တိုင်းဆုတောင်းမြဲ
လမင်းဆီမှာ သတင်းစကား ငါ ပါးမြဲ
လိုလာ လိုလာ နဲ့ ဘယ်ဘက်ရင်ပေါ်လက်ကလေးတင် ၈ကြိမ်ရွတ်ဆို
လွမ်းတယ် သတိရတယ်လို့ ပြောနေမြဲ ပြောနေဆဲ ။
လက်ျာ
Comments
Post a Comment