နားလည်​နှိုင်​မှု့အလွန်​က ဘာသာရပ်

နားလည်​နှိုင်​မှု့ အလွန်​က ဘာသာရပ်

.......လင်းဆက်​ပိုင်​.....

စိတ်​နှစ်​ခုဟာ ဆင်​တူခဲ့​ကြောင်း
သက်​​သေပြဖို့ တိမ်​​တွေနဲ့စကား​ပြောတဲ့အခါ
နားလည်းမှု့ကို ဘာသာစကားနဲ့သဘာဝကခြားနား
အဆင်​​ပြေ ​ပေါင်းသင်းခဲ့​သော နှစ်​ကူး​တွေက
အသစ်​ဖန်းတီးလို့ ....
အာရုံထဲညွှတ်​ကျတဲ့ ခံစားမှု့ ဓမ္မ​တေးများ
တည်​​ဆောက်​ဆဲ တန်းလန်း လိုအပ်​​နေ​သော ယုံကြည်​မှု့များ
သစ္စာအိမ်​ဟာ အကာအရံမဲ့လွန်းစွ
ဖျားနာ​နေ​သော ရင်​ကြားက သက်​တန့်​များ
ပုံသဏ္ဍာန်​မျိုးစုံ ​ရွေ့လျား​နေ​သော
တိမ်​​တွေဟာ ရယ်​​မောခြင်းအဖြစ်​ ရွာချ​တော့တယ်
လေဟာနယ်​အတွင်းမှာ အသက်​ရှင်​မှု့ပျိုး​ထောင်​ရတာ
ကိုယ်​မျက်​နှာပြန်​မမြင်​နိုင်​​လောက်​​အောင်
မျှော်​လင့်​ချက်​များ ထားခဲ့သူ
ကိုယ်​သို​လှောင်​ထားတဲ့ ဘဏ်​တိုက်​အတွင်းမှ
ပွင့်​ဖတ်​​သောက​တွေဟာ
ပျော်​ရွှင်းကြောင်း ဘယ်​လို တူရိယာနဲ့
တီးမှုတ်​ရမလဲ
သိပ်​သည်းနုညံ့မှု့ဟာ အတွင်းသားမို့
မမြင်​နိုင်​ခြင်းရဲ့ အနီးဆုံးမှာ
မ​ကျေနပ်​ခြင်း​တွေ အချက်​​ပေးဖို့
မလိုအပ်​​တော့​ပေမယ့်
ရည်​ညွှန်းချက်​​တွေဟာေ၀၀ါး​ပေးရပြန်​တယ်​....
တစ်​​ယောက်​ရှင်​သန်​မှု့အတွက်
တစ်​​ယောက်​​က
လွင့့်​ပေးလိုက်ရတဲ့သီအိုရီလို
ငါတို့ အိပ်​မက်​​တွေကြား သံသရာအ​ကွေ့​တွေတိုင်း ​ရေစက်​​တွေခြားရခြင်းပါပဲ​လေ
တချို့​သော ကံတရားဟာ ငါတို့ကို အနိုင်​ယူ ချွန်းအုပ်​တယ်
ဒါဟာ သိမှု့နဲ့ အလှမ်းကွာတဲ့ ဘာသာရပ်​သာ
ဖမ်းစားခံရခြင်းအဖြစ်​အပျက်များသာပါပဲ​လေ။

............................................
စာကြွင်း
အာဏာရှင်ေ​တွရှင်သန်မှု့အတွက်
ပြည်​သူ့​တွေရဲ့ဘဝ
လွင့့်​ပေးလိုက်ရတဲ့သီအိုရီလို
.........................


Comments