ဝေ​လေ​လေရက်​စွဲများ

ဝေ​လေ​လေရက်​စွဲများ
\လင်းဆက်​ပိုင်​\

သွေး​ကြော​ပေါက်​​နေတဲ့ နံနက်​ဖြန်​များစွာ
ငါရှင်​သန်​ရတဲ့ ​​လေဟာနယ်​ရဲ့ဖိအား
တွန်းကန်​အား​တွေမလှန်​နိုင်​ပဲ
ထိန်းဝှက်​ထားတဲ့ စကား​လေးရဲ့
နံနက်​ဖြန်​​ပေါင်းများစွာ
အိပ်​ယာ​ဘေး ဒိုင်​ယာရီ ထဲ
တွန်​လိမ်​ အက်​ကွဲ​နေတဲ့ အက္ခရာများ
ခေတ်​နဲ့မညီ​တော့တဲ့ ပုံပြင်​များ
ဒေသစံ​တော်​ချိန်​ ယိုင်​မျဉ်းများ
တစ်​မိုး​အောက်​က ပျက်​​ရွေ့​ကြောများ
မျှော်​လင့်​ခြင်း​ခြေသလုံးအိမ်​တိုင်​များ
လေလွင့်​​နေ​သော နားများ
ကိုယ်​ပိုင်​သ​ဘောထားနဲ့ ကုမရတဲ့​ရောဂါများ
အမြဲငြိ​နေ​သော ....ငါ့ ဗဟိုပြုမှု့များ
ကိုယ့်​ဘ၀နဲ့ ကိုယ်​ ​ပျော်​ရွှင်​ကြောင်း
ကိုယ်​တိုင်​ရှာ​ဖွေ မ​တွေ့ရှိ​သောအခါ
နေ့ဖြစ်​ဖြစ်​ ညဖြစ်​ဖြစ်
ကိုယ့်​ကိုကိုယ်​ပဲ ကျိန်​စာတိုက်​လိုက်​​တော့တယ်
အခုလား ချက်​ချင်းလား
လက်ငင်းပဲဖြစ်ဖြစ် အ​​ကြွေးပဲဖြစ်ဖြစ်
ဘယ်ဘ၀က ပါတ်သတ်မှု့နဲ့လဲ
စိတ်ေ​​​​​​တွ နွမ်းလျ ရတာ
လူဖြစ်ချိန် ခဏေ​​​လးမှာ ​ကျေ ချင်ပြီ
အ​ဆွေးအ​မြေ့နှစ်​​တွေထဲမှာ...
ငါ တနင်္ဂ​နွေအ၀ါ​လေးကို ချစ်​မြတ်​​နေတုန်းပါလား
ဒီလိုနဲ့ ပဲ
သက္ကရာဇ်​​တွေကို ထုံ​ဆေးထိုး
တကယ်​မရှိ​တော့တဲ့ ငြိမ်း​အေးမှု့ကို
ရှာ​ဖွေ​နေဆဲ​လေ...။

27.2.2015


Comments