ဗာရီရသဏ္ဍာန်ထက်ပိုခဲ့တဲ့ အဇ္ဈတ္တလိပ်ပြာ
လင်းဆက်ပိုင်
ကလေးရေ....
ငါတို့တွေ တွေဝေပြီး
ငါးမျှားနေတာ ရပ်ရအောင်
အိပ်မက်တွေကို
ငါးစားမတပ်ကြေးပေါ့
ကိုယ့်ရဲ့ ဖြူစင်ကြည်သန့်တဲ့ မေတ္တာတရားတွေ
ပေးအပ်ခဲ့ပြီးတဲ့နောက်
လောကလမ်းတွေလျှောက်လှမ်းဖို့
အတိတ်မေ့လိုက်တယ်
ဘယ်အကွေ့မှာပဲ တွေ့တွေ့ပေါ့
ပြန်မှတ်မိစရာမရှိအောင်ပါပဲ
ပျော်ရွှင်စရာတွေ မှာ ပေးဆပ်မှု့
အဆမတန်များပြားခဲ့သူမို့ပါ
အရင်ကတော့
အမြတ်တနိုးသိမ်းထားခဲ့
ခုများတော့လဲ
...
...
..
စက္ကူ နဲ့ ခေါက်ထားတဲ့
ကြယ်ပါပဲ
အလင်းမပေးနိုင်တာ
ကိုယ့်ဟန်နဲ့ကိုယ်ပါ
ကိုယ်တို့ရဲ့စက္ကူချိုးငှက်တွေ
လန့်ပြီးထပျံသွားပြီ
အပူတွေများ လွန်းးးတင်တဲ့ကြိုး
ဟင်းလင်းပြင်ထဲက နားနဲ့မကြားနိုင်တဲ့အသံ
လေဟာနယ်ဟာ ဖိအားတွေများ
အလွန် အလူး
လွင့်စင်ခဲ့
ကိုယ်သဘာဝနဲ့ကိုယ်
ဝဋ်နာကံနာ သတ်ရိုတ်ခံရတဲ့
ကိုယ့်သံသရာနဲ့ကိုယ်။
Comments
Post a Comment