လမင်းသစ်​ပင်


လမင်းသစ်​ပင်
......လင်းဆက်​ပိုင်

လမင်းသစ်​ပင်​​ရေ...
အရိပ်​ခို အလင်းလှုံခဲ့
အိပ်​မက်​ကမ္ဘာထဲမှ
အထီးတည်း​သော အပင်​​လေး
ဒီ​အောက်​မှာ
သီချင်း ကဗျာ ကြူးသီရင်း သာယာစွ။

တဖြည်းဖြည်း ရူးမူးစွာစွဲလန်း
လမင်​သစ်​ပင်​ကို မြတ်​နိုးခဲ့၏
ကိုယ့်​ရဲ့ အနှိုင်းမဲ့ သစ်​ပင်​​ရေ...
ကိုယ့်​ရဲ့ တစ်​ခုတည်း​သော
အသစ်​ကျပ်​ချွတ်​ ၁၅၀၀တန်​လည်း
မင်းအပိုင်​သာယူ
ေ​ရာင်နီက ​တစ်​မီတာ​လောက်​အလိုဆို
ငါ့ကို နှိုး​တော့မှာ...။

ဒီအိပ်​မက်​မျိုး ​နောက်​အကြိမ်
ဆုံကြုံ ခွင့်​ မ​သေချာ​တော့
စက္ကန်​နဲ့အတူ စီးချက်​ညီ ခုန်​​သောနှလုံး
ကိုယ်​နာရီလည်း မင်းပဲယူ...။

ပိုင်​ဆိုင်​သမျှ ​ပေးနိုင်​တာအကုန်
ကိုယ့်​ အသက်​ရှူ မှု့​တွေလည်းမင်းအကုန်​ယူ
စိတ်​မ​ကောင်းမဖြစ်​ပါနဲ့ကွယ်
အိပ်​မက်​ဆိုတာလည်း ​ရေစက်​ရှိမှ
အပြင်​မှာဆုံကြရတာ ဓမ္မတာပဲမို့ ။

အ​ရောင်​စုံလင်​ ​ဝေဒနာ
...
...
...
ဝါဝါ နီနီ
ပြာပြာ ညို ညို
ငဲ့မကြည့်​နဲ့ သာယာမှု့​တွေ မင်းအကုန်​ယူ။

Comments