စိတ်ကြိုးတွေ ညီဖို့ ကီးချော်နေတယ်
........လင်းဆက်ပိုင်.....
သက်တန့်တွေစိုက်ပျိုးဖို့ဆို
မိုးတွေ တဖြောက်နှစ်ဖြောက်လောက်တော့
ရွာပေးရတယ်
ဘ၀င်ညိုးမိုး ဘယ်လို သွန်းဖြိုးရမလဲ
ပျော်ရွှင်ခြင်းကိုမရောက်ခင်
အလွမ်းတွေ လမ်းပေါက်နေရတာ
နားမလည်းနိုင်တဲ့ စကားမှာ
ရှမ်းတမ်းတွေနဲ့ သီအိုရီအဟောင်းတွေ
အကြောင်းပြချက်ရှိနေတာကိုက
မဟုတ်သေးပါဘူး
လက်ဖ၀ါး လက်ဖမိုး ဆိုတဲ့အမြင်ရဲ့
အခြားတစ်ဖက်က လက်ဝါးစောင်းလို့
မြင်မိခဲ့တာပါ
အမြန် ခုတ်ပိုင်းလိုက်ပါတော့
တခါတခါ အဲ့လို ကိုယ်သေပေးဖို့
ထိုက်တန်ရဲ့လားဆိုတဲ့
မတွေးကောင်း မဆွေးကောင်းတွေက
နှိက်စက်ပြန်တယ်
ကန့်သတ်ထားရတာမုန်းတယ်
လွတ်လပ်စွာ ပျံသန်းဖို့ လှောင်အိမ်တံခါး
ဖွင့်ပေးခဲ့တယ်ဆိုလည်း
မင်းရဲ့ ရေဒါမှာ ငါရုန်းထွက်မရတာ
ခပ်နွမ်းနွမ်းနံနက်တွေနဲ့ သစ်လွင်ရတာ
ဒဏ်ရာဆိုတာ သံပတ်မပေးလည်းပဲ
ထထအော်တက်တယ်
လွမ်းတယ်ဆိုတာ သံစုံတီးဝိုင်းနဲ့
ဆိုရတဲ့တေးလား
စိုက်ပျိုးသမျှရိတ်သိမ်းကြေးဆိုတဲ့
တယူသန်တွေခေါ်မှု့နဲ့ ငလျင်လှုပ်တယ်
တစ်ကိုယ်စာဆိုပေမယ့်
ခြေလှမ်းတိုင်းအလဲလဲအပြို ပြို ပါပဲ
ဒါပေမယ့်ကွယ် ရင်ခွင်ခြင်း ပစ်ခတ်လိုက်တိုင်း
တစ်ဘဝလုံး လင်းလိမ့်မယ်ဆိုတဲ့
သီအိုရီကို ငါတီထွင်ချင်တာ
တကယ်ရူးနေလို့ပါ...
အိပ်မက်ဆိုတာ ယုံကြည်ပြီးဆူးပုံမနင်သင့်ကြောင်း
မင်းစကားလည်း ငါ မသိမသာ တွေဝေရတာပဲ
အတွေးမီးလောင်ခြင်းမှာ ဘာသယံဇာတတွေ ထွက်လာမလဲ
ရင်ခုန်ရတာ မောလွန်းတယ်။
20.2.2015
Comments
Post a Comment