သစ္စာပန်းရဲ့အက်​ကွဲတဲ့ရနံ


သစ္စာပန်းရဲအက်​ကွဲတဲ့ရနံ့
.........လင်းဆက်​ပိုင်​......

ထိန်းထားလို့မရတဲ့စိတ်​ကို
လွှတ်​​ပေးလိုက်​တယ်
လွှင့်​ချင်​သလိုလွှင့်​လိုက်​စမ်းပါ
ထင်​တဲ့အတိုင်းပဲ သိပ်​မကြာလိုက်​ဘူး
ခြေပြစ်​လက်​ပြစ်​ထိုင်​ငို​တော့တာပဲ
လမင်းဆိုတာ ဖမ်းဆုပ်​လို့မှမရတာ...
ခိုးခိုးခစ်​ခစ်​အသံ​တွေ
သူမရဲ့ဆံနွယ်​ဖားလျား​လေထဲဝဲ​နေပုံ
သူမရဲ့အပြုံးများ
ကိုယ့်​စိတ်​​ပေါ်​မေးတင်​​နေ​သောနတ်​သမီးပုံပြင်
(ရင်​ဘတ်​)လှောင်​အိမ်​ထဲ ထည့်​သိမ်းချင်​တာလို့ထင်​သူ
တစ်​မီတာပြီး တစ်​မီတာ ​နောက်​ကျရဦးမယ်
ဘဝဆိုတာ တိုတို​လေး သက်​ပြင်း​​တွေရှည်​လွန်းတယ်
မက်​လရဲ့ သြဥ​တေး​တွေ ချိုသာတယ်
ဒါဟာ ​နွေအစ .....
ဖော်​မလင်းစိမ်​ထားတဲ့ ဇာတ်​ဝင်​ခန်း
ကိုယ်​စိတ်​ကို ခွဲစိတ်​ကုသရတာခက်​ဘူးလား
လေပြည်​​အ​ဝေ့မှာ တ​သော​သော​ကြွေ​နေတဲ့ ရွက်​ဝါ​တွေလို
တစ်​ကိုယ်​လုံး ​ချွေချ လိုက်​လဲ
စိတ်​ကအသစ်​မဖြစ်​​တော့ပြီပဲ
ကျ​နော်​ရယ်​ ကျ​နော်​စိတ်​ရယ်​ အပြန်​အလှန်​ ထမ်းပိုးထားတဲ့ ဒုက္ခများ
တလက်​မ​လောက်​ ​လျော့ကြည့်​ချင်​တယ်
စေတီဖြူ ဖြူ  ဆည်းလည်းသံတို့နဲ့
သစ်​ရိပ်​ဝါးရိပ်​ မှာ ငါးမျှားမိတာပဲ အဖတ်​တင်​တယ်
ဒီအသံ ဒီပုံရိပ်​ ဘယ်​လိုမှ နှင်​လို့မရ​တော့ဘူး....
ဒါဟာ သတိလစ်​တုန်း လွင့်​သွားတဲ့စိတ်
ကိုယ့်​အိပ်​မက်​​တွေ ဇရာ​ထောင်းလို့ငယ်​နာမည်​​မေ့သွားပုံ​လေး
အကြွင်းအကျန်​​တွေ​မှောင်​​နေပုံများ
အသဲနှလုံးကမင်းဆီမှာဆိုတာလည်း
အိပ်​ပျက်​ည​တွေ အသဲကွဲခြင်းနဲ့ လမင်းအလင်းမှာ ​ဆွေး​မြေ့​ငေးရီ​နေပုံပါပဲ​လေ။

Comments