အကြွေး
.............လင်းဆက်ပိုင်
ဘယ်အချိန်ကတည်းကလဲ
ငြီးငွေ့လောက်အောင်
အထပ်ထပ် ကျော့နေမိ
ဒါ....
စကြာဝဠာ သီချင်းပါပဲ....။
အိပ်မက်တွေ အပေါ်ယံတူညီခဲ့ကြ
ထင်သာမြင်သာလမ်းရဲ့ အကွေ့မှာ
ဖျားနာစေနိုင်တယ်လို့
မသိနိုင်ခဲ့ရိုးအမှန် ။
ရိုးစင်းမှု့ကပဲ အဆန်းတကြယ်ဖြစ်ရ
သင်္ခါရဟာ ထာဝရဆိုပေမယ့်
မပြောင်းလဲသော သီချင်းနဲ့
ပစ္စုန်ပ္ပန် မှာ ဖောင်းကြွနေတဲ့ ဒဏ်ချက်3D...။
အသိတရားကို မမြင်နိုင်ခြင်းနဲ့
ကိုယ်တိုင်ဝှက်မိတဲ့ ပုံသဏ္ဍာန်
ဒါကို ကောင်းမွန်တဲ့လုပ်ရပ်လို့
တည်ဆောက်လိုက်တဲ့ထောင်ချောက်တစ်ခု....။
အပြုအမူ နှစ်ခု တသားတည်းကျဖို့
ဝေးလွန်းစွာ နီးကပ်ခဲ့ကြပေါ့
လက်ဖ၀ါး -လက်ဖမိုး အမြင်ကိုလက်ခံထားပေမယ့်
လက်ဝါးစောင်းဆိုတဲ့ အမြင်က
တဘ၀လုံး ခုတ်ပိုင်းခံရ။
ထိတွေ့ခွင့်မရတဲ့ ပိုင်ဆိုင်မှု့
နာမ်
လေးလံထိုင်းမှိုင်းစွာ စိတ်ပေါ့သွပ်
သုံးရာသီကို ရက်စွန်းအောင် ခရီးဆက်ခဲ့သူ။
23.2.2015
Comments
Post a Comment