ရေဒီယိုသီချင်း


ရေဒီယိုသီချင်း
........လင်းဆက်​ပိုင်

မာရီလင်း​ရေ...
ကိုယ်​​မောဟိုက်​​နေပြီ
မလှုပ်​နိုင်​​တော့ဘူးရယ်
ဘဝရဲ့ပထမဆုံး​လေ့ကျင့်​ခန်း
အချိန်​​စေ့​အောင်​ မခံနိုင်​ခဲ့ဘူး။

အပိုင်းအစတစ်​ခုနဲ့ သူထွက်​ခွာသွားတယ်
သွေးတိုးနှုန်း​တွေ အချိ​န်​မ​ရွေး​ပြောင်းနိုက်​တယ်
အသက်​ရှူ ဖို့ မ​မေ့နဲ့တဲ့ ၅မိနစ်
ရယ်​စရာမ​ကောင်း အရွှန်း​ဖောက်​မှု့ နဲ့။

ပို​ကောင်းလာတဲ့ အမှားမျိုးနဲ့
ငါ့ဆည​လောင်​မှု့အတွက်​....တဲ့
ရေခဲမုန့်​ တစ်​ခွက်​​ကြွေးခဲ့တယ်
သေ​သေချာချာ သတိရတာ​ပေါ့
ပျော်​စရာမ​ကောင်းခဲ့တာလည်း
ဒါ
အထီးကျန်​တယ်​ မခံစားရ
ဘူးကွယ်
သိပ်​ခက်​တဲ့ ​လေ့ကျင့်​ခန်းတစ်​ခု။

မာရီလင်း​ရေ.. ...
ရေဒီယို သီချင်း နား​ထောင်​ကြည့်
မိုး​တွေ အရမ်းရွာ​နေတယ်
လုံးဝ ကိုယ်​တစ်​​ယောက်​တည်း။

Comments