ရွေ့လို့မရတဲ့ လမ်း

ရွေ့လို့မရတဲ့ လမ်း
.............................

ပျော်စရာ တဲ့ လား

ထင်ယောင်မှု့လေး

ဘ၀နဲ့ရင်းပြီး ၀ယ်ခဲ့ရ

ဘယ်မှာလဲ

ဒီနေ့

နံနက်ဖြန်

အသေင်္ချ

အနန္ဒ ထိ.....

ငါ့အသက်သာ တိုသွားခဲ့ပြီကွယ်

လွတ်ကျတာမဟုတ်ပါဘူး

ကျကွဲတယ်စွပ်စွဲ မနေတော့ပါဘူး

ကိုယ်က လေဟာနယ်ကို ဆုပ်ကိုင်မိတာပါ

ဖိအားတွေနဲ့ပဲ ပျော်ရွှင်ကြောင်း.....

တနင်္ဂနွေဟာ မေတ္တာဓာတ်တွေ
ပျောက်ဆုံးသွားခဲ့ပေါ့

ဘယ်မှာမှ မဟုတ်ဘူး

ဟင်းလင်းပြင်း လမ်းမပေါ်

ငါသာငေးရီနေသူပါ

အရိပ်တစ်ခု ရှိလေမလားလို့

လောကကိုဆွဲဖွင့်ဖို့

ခံစားချက်ကို လွှင့်ပစ်လိုက်

အိပ်မက်ကို စီမံခန့်ခွဲ

တခါတခါ လန့်အော်မိယုံပါ

လင်းဆက်ပိုင်

3.1.2015


Comments