ကျကွဲတာလားမ​သေချာဘူး



ကျကွဲတာလားမ​သေချာဘူး
...........လင်းဆက်​ပိုင်​......


လိုအပ်​သည်​ဖြစ်​ဖြစ်
မလိုအပ်​သည်​ဖြစ်​ဖြစ်
အပြုသ​ဘော​ဆောင်​သည်
အပျက်​သ​ဘော​ဆောင်​သည်
ငါတို့ငြင်းချက်​ထုတ်​မရ
ခြားခဲ့ ထားခဲ့ နီးခဲ့ ​ဝေးခဲ့
ရှုပ်​​ထွေးဖို့ ရှင်းလင်းဖို့
အ​ကောင်း၊အဆိုး သံသရာတို့
ကြည့်​လိုက်​စမ်း...
မွန်းကြပ်​​နေပြီလား
သင်္ခါရကို လက်​ခံစို့
စံပယ်​​တွေဖျားနာပြီ
အဝါ​ရောင်​ လက်​ခံပါ
ကုသ​ဆောင်​မှာ...
ဆေးမရှိ​တော့တဲ့ ​ရောဂါ
ငါ ရပ်​​စောင့်​တယ်
ပြန်​စာ မလာဘူး
ဖြေခြင်းချက်​မရှိဘူး
အမှန်​​တွေ အမှား​တွေ
နောက်​....
သိမှု့ အလွန်​က စွဲလန်းခြင်းအခွံ​တွေ
သေချာပါတယ်
ကတုန်​ကယင်​ နှစ်​ကိုယ်​တူ​နေ့​တွေ
ဖျပ်​ကနဲ့
ပန်းနု​ရောင်​နှင်းဆီ....​လေနှင်​ရာလွင့်
ခြေကုန်​လက်​ပမ်းကျပြီး ရွာချခဲ့တယ်
မခြိမ်းပဲ လက်​သွားတဲ့ လျှပ်​ ဘယ်​သူမြင်​သလဲ။

Comments