သတိရလို့လွမ်းကြည့်ခြင်း
ရေးစက်လေးရေ...
လွမ်းတယ်
ပြန်မဆုံနိုင်ပြီလား...
ပြန်ကျမိုးလေး ငါ့အနားမှာ ရွာပေးပါ
နွေမရောက်သေးဘူး
ရင်ဘတ်က ပူနေပြီ
***ခေါ်သံလေးနဲ့
ရင်ကိုမှုတ်ငြိမ်းပေးဖို့
ဟင်းလင်းပြင်နဲ့စကားပြောရတာ
အရသာမရှိဘူးကွယ်
လွမ်းတဲ့စိတ်ကို အာပါတ်ဖြေလို့ရပါသလား
ကိုယ်မသိဘူးးးရယ်
ဘယ်ဘက်အိတ်ကပ်ထဲမှာ
အလွမ်းတွေ မဆံ့မပြဲ လျှံကျနေရတယ်
ဟစ်သံရဲ့ပုံပြင်
နားထောင်သူမရှိဘူးရယ်
မျှော်လင့်ခြင်းဆိုတဲ့ ဖိနက်တရံ
အိပ်မက်ထဲပျောက်ခဲ့တယ်
ဝင်္ကပါတွေက လမ်းလွှဲပဲ ပို့ပေးနေတယ်
တနေ့နေ့တော့ရောက်နိုင်ကောင်းရဲ့
အချစ်လို့ ပါတ်သတ်မိတဲ့နောက်
ကိုယ့် အမှန်တရားဟာ
မြို့ ပြင်အထုတ်ခံရတော့တာပဲ
ဒီလိုနဲ့ပေါ့
ငါနဲ့ငါသာ တမြို့ဆီဝေးကွားရတာပါ
ရင်ဘတ်မှာထွင်းထားရုပ်တုကလေးကတော့
ဆေးသားမပြယ်နိုင်တာ သေချာပါတယ်
တစ်ယောက်နဲ့တစ်ယောက်
ဝေးသွားကြပြီးလို့ နှုတ်မဆက်တာကလွဲရင်
ပါတ်သတ်မှု့တွေ အကျိုးအကြေနဲ့ပဲ
ထိတွေ့ခွင့်မရှိဘူးရယ်
နင်ကြိုက်တဲ့ လ္ဖရည် ငါဖျော်တိုက်ချင်သေးရဲ့
ဆီချက်ခေါက်ဆွဲလေး လုပ်ကြွေးချင်သေးရဲ့
ကန်စွန်းပလိန်းပြီးတော့..
နင်ကြိုက်တဲ့ လ္ဖက်ထမင်း
ငါအကုန်ဘာလို့မှတ်မိနေတာလဲ
ပြီးတော့....
နင်သွားချင်တဲ့ နေပြည်တော်မြို့အစွန်က
တံတားလေးအပေါ် ရှူ့ခင်းတွေ အတူကြည့်ချင်သေးရဲ့
ဒါဟာ ဘယ်တော့မှ ပြည့်မှာမဟုတ်တဲ့
ဆန္ဒလေးပဲဖြစ်ရတော့မယ်လား
မြန်မာပြည်ကို ပြန်လာပါဟာ
သူစိမ်းတွေကြားမှာ နင် အဆင်ပြေအောင်နေရတာ
ငါသိသားပဲ....
ဟိုနေ့က အဲ့ဒီမြို့ ဗုံပေါက်တယ်အသံကြားတော့
ဘာမှမဆိုင်ပဲ ငါစိတ်ပူမိသေးတယ်
တကယ်တော့လေ
နင်နဲ့ ငါနဲ့က ချစ်သူ မဟုတ်တဲ့ ချစ်သူတွေပါပဲလေ။
လင်းဆက်ပိုင်
Comments
Post a Comment