နေရာတကာပဲ့ပဲ့ကြွေနိုင်လွန်းတယ်
..........လင်းဆက်ပိုင်
ကောင်မစုတ်လေးရေ
အဝါရောင်ဆန်တဲ့ မနက်ဖြန်
်ကိုယ် ခရီးဆက်ရပါဦးမည်
ကိုယ်ဘယ်လောက်သွားသွားပေါ့
ကောင်မစုတ်လေး လမ်းပိတ်ထားရင်
ကိုယ့်ခရီးဟာ အချည်းအနှီး ဖြစ်နေဦးမည်။
စိတ်ရဲ့ဦးတည့်ရာအရပ်မှာ
အိပ်မက်လေးရှိနေလေသည်
အိပ်မက်ထဲလမ်းလျှောက်ရင်းဖြင့်
...
...
မိုးလင်းတဲ့နံနက်များထဲ
ရင်ဘတ်ကိုငုံ့အကြည့်
ညီမျှခြင်းတွေ ရှာမတွေ့တော့သည့်အဖြစ်။
ကိုယ့်ကိုကိုယ်သာ ဝမ်းနည်းကြောင်းကြော်ငြာရတဲ့အခါ...
အတွေးတိုင်း လောင်မီးကျရ....
လွမ်းဖို့ကောင်းလွန်းအောင် နေညိုချိန်တွေလည်း
အိပ်တန်းပျောက် ငှက်လို
လေပြင်းနဲ့ မိုးတွေ တဟားဟားရယ်မောနေကြသည်။
စိတ်ထဲက ခံစားချက်အတွက်
ကဗျာရေးစရာ စကားလုံးတို့ရှာမတွေ့တော့ပြီ
စိတ်နဲ့သာ ဖတ်ကြည့်လိုက်ရင်ဖြင့်သိလိမ့်မည်။
အရမ်းဝေးနေတော့ မင်းမြင်နိုင်မလားဟု စဉ်းငယ်မျှသောအတွေး....
ငါသိသလိုလိုနဲ့ မသိခြင်းများသာစိုးမိုးနေပါသည်....။
လေပြည်သီချင်းတွေ တစ်ကိုယ်တည်းဆွေး
အိပ်မက်ဆွေးမြည့်လေးတွေ တီးခတ်
လိပ်ပြာလေးတွေ ၀ဲပျံ ရင်း...
ကြေကွဲစရာ အလွမ်းသီးချင်းလေး
ကိုယ်တစ်ယောက်တည်း ဆိုနေ /ဆိုးနေပြီ။
စိတ်နဲ့ခန္ဓာ အိုးစားမကွဲသ၍ ....
ပါတ်သတ်မိတဲ့ရောဂါပိုးမွှာများ
အသက်ရှူ မှု့ကို အူးမြူးခွင့်မရှိခြင်းနဲ့
အရှုံးပေးပါသည်
အသဲနှလုံးနှင့် အသက်အား နှင်းအပ်ပါသည် ။
သို့သော်...
အရာရာအားလုံး လက်ခံလိုက်ဖို့
ငါ့မျက်နှာအား မိတ်ကပ်လိမ်းရဦးမည်
ကိုယ့်လွင်တီးခေါင်ပြင်မှာ အရမ်းခြိမ်းပြီး
မရွာတဲ့ တိမ်တွေကို မုန်းမိပြီ။
ဒီလိုနဲ့ပေါ့ ....
နာမ်ကိုတိုင်းတာဖို့
ဒီဂရီတွေ
မီတာတွေ
တရားဓမ္မတွေ
တပ်ဆင်ထားရင်း
ကိုယ့်တိတ်ဆိတ်မှု့တွေ ကျမကွဲရအောင်
လောက ကစားကွင်းထဲက
ထွက်ပြေးခဲ့ရပြီ...။
7.2.2015
Comments
Post a Comment