နွမ်းလွန်းလည်း​လျော့လို့မရ​သေးပါ

နွမ်းလွန်းလည်း​လျော့လို့မရ​သေးပါ

.......လင်းဆက်​ပိုင်​.......

အ​မော​တွေအထပ်​ထပ်​နဲ့
ဘ၀က အညိုအမဲစွဲလို့
ကြပ်​ပူနာနာထိုးထားရ
သက်တမ်း​​တ၀က်​ကျိုးချိန်း​ရောက်​​နေ​ပေါ့။

ဘာလက်​နက်​မှမပါပဲ
လျှောက်​ရတဲ့ ခရီးလမ်း​မှာ
အ​မှောင်​​တွေထဲ ခွန်းကြီးခွန်းငယ်
စကား​တွေများရတယ်​။

ယုံကြည်​မှု့တစ်​ခုအတွက်
ပန်းတိုင်​​ရောက်​ဖို့
မာန​တွေ အလိုလို ​ကြွေ​ပေးရ
အားမတန်​ မာန်​​လျော့ခဲ့ရတဲ့​နေ့ ညများလီလီ။

ရှင်​သန်​ခြင်းမှာ တံလျှပ်​​တွေပဲလင်း
နေအစုန်​ ​နေအဆန်​ ခရီးသွားမို့
နံနက်​ဖြန်​လည်း .....
ခပ်​ပြင်းပြင်းအပူ​တွေနဲ့ လင်းရှင်းလို့
သေချာပါတယ်
ကိုယ့်​ကံကြမ္မာသတ်​ပုံမှား​ကောင်းတုန်း...။

လျှောက်​​နေဆဲပါပဲ
အင်္ဂါ ဂြိုလ်​ဘယ်​​လောက်​​ဝေး​ဝေး
ဖ၀ါး​အောက်​​ရောက်​ရသလို
တ​နေ့​နေ့​တော့ ​.....
အောင်​မြင်​မှု့​တွေ ငါ့ဖ၀ါး​အောက်​​ရောက်​ရမှာ
ရဲရဲ​တောက်​ ရူးထားလိုက်​တယ်​။
16.2.2015


Comments