ညလို့တံဆိပ်ကပ်ခဲ့တယ်
.......လင်းဆက်ပိုင်......
ကျွန်တော်ကိုယ်တိုင်က အမှောင် အခန်းပေါ့
အသိဥာဏ်တွေမှောင်တယ်
အလိုရမ္မက်တွေနဲ့မှောင်တယ်
နောက်ထပ်.....
လင်းလို့မရအောင်
ဦးဏှောက်ကျွမ်းပြီး မှောင်တယ်
ဒီလိုနဲ့
အမှောင်ကောင်ကြီးဟာ
အမှောင်ထဲ တိုးဝင်သွားတယ်
အမှောင်ပြီးရင် အလင်းလာမယ်ဆိုတဲ့
အဲ့ဒီလို ခုတ်ထစ်ထားတဲ့ တွေးခေါ်ခြင်းနဲ့
အမှောင်ထူထူထဲမှာ အတ္တတွေနဲ့နပန်းလုံးရင်း
ကိုယ့်ဘ၀ကို ပြန်သတ်ပုတ်ရတဲ့အခါ
တိမ်စတွေကို ထိုးရသလို
အရသာမရှိလိုက်တာ....
ဒီအမှောင်ကို ဖြတ်ကျော်နိုင်ရင်
ပျော်ရွှင်းခြင်းတွေ လက်ဆောင်ရမယ်တဲ့ လား
အမှောင်ထဲက လှိုင်းတွေက
တ၀ုန်းဝုန်းပြောသွားတယ်...
ဘယ်မှာလဲ
လမင်းဟာ
ဘယ်မှာလဲ
စကြာဝဠာထဲ ထွက်ပြေးသွားခြင်းတဲ့လား
ငါနဲ့ ငါ့စိတ်နဲ့ လက်လှမ်းမမှီနိုင်ခဲ့
ဝေးလွန်းတယ်
အမျက်တော်ရှနေတဲ့ သီချင်းတစ်ပုဒ်ဆိုက်ရောက်လာ
သြော်....ပယ်လယ်ထဲမှာ
စိတ်နဲ့ ကိုယ်က တခြမ်းစီ
လေဖျန်းနေတုန်းပါ။
Comments
Post a Comment