အရက်​သမားရဲ့ကြယ်​ပုံပြင်


အရက်​သမားရဲ့ ကြယ်​ပုံပြင်
..............လင်းဆက်​ပိုင်​.................


ကောင်းကင်​ကို လက်​ဖြန့်​​တောင်းခြင်းဟာ
အချိန်​ဖြု န်းခြင်း
ဟင့်​အင်း
ဟင်းလင်းပြင်​နဲ့စကား​ပြောခြင်း တဲ့
ချစ်​သူနဲ့​ဝေး​နေတဲ့ ကြယ်​တစ်​​ကောင်​က​တော့....
နတ္ထိ​တွေ ​ရေတွက်​ရတာ ​ပျော်​စရာ​ကောင်း​ကြောင်း....
သူ့ရဲ့ယုံကြည်​မှု့ဟာ ​လှောင်​ရယ်​စရာပါ
ကိုယ်​​ရေးကိုယ်​တာ ကိစ္စအတွက်
စိတ်​ထဲက ပန်းချီကား
မျဉ်း​ကွေး​တွေနဲ့ အလင်းအ​မှောင်​ ညှိရခက်​ဆဲ
ဘယ်​ဘဝရဲ့ သံ​ယောဇဉ်​ လဲ
သူ​ဖော်​​ရွေဖို့ ပြုံးပြရတာ​မော​နေပြီ
အများကြီးအားနာပါရ​စေရှင့်​တဲ့
ရှေး​ရေစက်​ကို တွက်​ချက်​ဖို့ ပုံ​သေနည်းမရှိ​ကြောင်း...
လေညှင်း​လေးက နားထဲဝင်​ထိုင်​ပြီး​ပြောပြ​နေတယ်
ကောင်းကင်​ကြီးဟာ အိပ်​​မောကျ
အိပ်​မက်​နဲ့ အ​ရောတဝင်​​နေခဲ့
ပြီးမှ...
ဗိုင်း​ကောင်း​ကျောက်​ဖိ ယဉ်​​ကျေးသူလို
ကောင်းကင်​အဖုံးဖွင့်​ဖို့ အသက်​မပြည့်​သေး​ကြောင်း
လှစ်​ခနဲ့ ​နောက်​ဆုတ်​သွားခဲ့​တော့
ငိုစရာ​ကောင်းတဲ့ ပျက်​လုံး​တွေနဲ့
ကြယ်​​လေးဟာ အသဲကွဲတဲ့အ​ကြောင်း​ကြွေကျလိုက်​တယ်
သူမ ဆု​တောင်းပြည့်​ပါ​စေကွယ်​တဲ့
၂၁ရာစုမှာ အ​ရေးကြီးတာ ကိုယ့်​ကိုကိုယ်​ မ​ပျောက်​ဆုံးဖို့ အဓိကဆိုတာ
ကြယ်​​လေး မသိသွားချာဘူးကွယ်
ကြယ်​ဆိုတာ​ကြွေဖို့ သက်​သက်​ပဲလား
မေးခွန်း ပြီး​တော့ ​မေးခွန်း ...
အဘိဓမ္မာတရားဟာ အ​ဖြေဖြစ်​ပါသလား
ဒါ
အရက်​သမားကမူး​ကြောင်​ရူး​ကြောင်​​ပြော​သောပုံပြင်​တစ်​ပုဒ်
မ​နေ့ညက ကျ​နော်​နား​ထောင်​မိလိုက်​တယ်​။

Comments